Skip to main content

သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသော ၅,၀၀၀ ကျပ်တန်နှင့် ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူနှစ်မျိုးစလုံးကို ရုပ်သိမ်းခြင်း၊ ဖျက်သိမ်းခြင်း မရှိပါ။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆ ပုဒ်မခွဲ (င) တွင် “နိုင်ငံတော်သည် တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင် ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြု” ဟု ပြဋ္ဌာန်းဖော်ပြထားပါသည်။ သို့ပါ၍ ငွေစက္ကူများကို ရုပ်သိမ်းရန်၊ ဖျက်သိမ်းရန် မရှိပါကြောင်းနှင့် ပြင်ပတွင် ဖြစ်ပေါ်နေသော သတင်းအချက် အလက်များသည် ကောလဟာလများ ဖြစ်သဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေထားသော ငွေစက္ကူများကို ယုံကြည်စွာ သုံးစွဲနိုင်ပါကြောင်း ပြည်သူများအား အသိပေးအပ်ပါသည်။

 မြန်မာနိုင်ငံတော်ဗဟိုဘဏ်