Skip to main content

ခေတ်အဆက်ဆက်ကြိုးပမ်းမှုကြောင့် ထားဝယ်မှကော့သောင်းအထိ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာ

ရန်ကုန် စက်တင်ဘာ ၁၅

ဘုရားကြီး-မော်လမြိုင်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်း ကားလမ်းသည် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးကို ဆက်သွယ်ထားသော အဓိက လမ်းမကြီးဖြစ်သည်။ မြစ်ချောင်းများ ပေါများသည့် ဒေသဖြစ်သော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လမ်းဦးစီးဌာနတို့၏ ခေတ်အဆက်ဆက် ကြိုးပမ်းမှုကြောင့် ထားဝယ်မှကော့သောင်းအထိ အပိုင်းအား ယခုအခါ ဆက်သွယ်ဖောက်လုပ် နိုင်ခဲ့သည်။

ယခင်ဆယ်စုနှစ်များက အဆိုပါ ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်းခရီးစဉ်တွင် ရေလမ်းခရီးမှ ရှပ်ပြေးယာဉ်များကိုသာ အားထားနေရသော်လည်း ယခုအချိန်တွင် လမ်းမကြီး အား အသုံးပြု၍ အချိန်တိုတောင်းစွာဖြင့် အသုံးပြုနိုင်ပြီဖြစ်သည်။ ။

နှစ်စဉ်ဆောင်ရွက်လျက်ရှိ

အဆိုပါလမ်းတွင် တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာနက ယာဉ်အန္တရာယ်ဖြစ်စေနိုင်သော မျက်ကွယ်ကွေ့နှင့် မျက်ကွယ်ကုန်းများအား ဖြတ်ထုတ်၍ လမ်းဖြောင့်ခြင်းလုပ်ငန်းတို့ကို နှစ်စဉ်ဆောင်ရွက်လျက်ရှိသဖြင့် လမ်းမကြီးမှာ ဖြောင့်တန်း လျက်ရှိသည်။

လွယ်ကူချောမွေ့စွာ ဆက်သွယ်သွားလာနိုင် ထိုသို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသောကြောင့် လမ်းဘေးကျေးရွာများတွင် နေထိုင်လျက်ရှိကြသော ဒေသခံတိုင်းရင်း သားများရေး၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း စသောမြို့နယ်များနှင့် လွယ်ကူချောမွေ့စွာ ဆက်သွယ်သွားလာနိုင်ပြီး ပညာရေး ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည့်အခွင့်အလမ်းများ တိုးတက်လျက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ခရမ်းစိုးမြင့်