နေပြည်တော် စက်တင်ဘာ ၁၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ထားသည့် ၅၀၀၀ ကျပ်တန်၊ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူများကို တရားဝင်ငွေစက္ကူအဖြစ်မှ ရပ်စဲလိုက်ကြောင်း အမိန့်စာ အတုများ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။ အဆိုပါအမိန့်စာအတုမှာ ပြည်သူများစိုးရိမ် ကြောင့်ကြမှုဖြစ်စေရန်နှင့် တည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်ပြီး မသမာသူတစ်ချို့က ကောလာဟလ သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ ယင်းသို့သော ကောလာဟလများကို ပြည်သူများ မယုံကြည်ကြရန်နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ ထုတ်ထားသည့် ငွေစက္ကူများကို စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။