Skip to main content

ကျောင်းပြင်ပတစ်သက်တာပညာရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု မူဘောင်နှင့် အရည်အသွေး စံအကဲဖြတ် အညွှန်းဘောင်မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၆

ကျောင်းပြင်ပတစ်သက်တာပညာရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု မူဘောင်နှင့် အရည် အသွေး စံအကဲဖြတ်အညွှန်းဘောင် မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် Video Conferencing စနစ်ဖြင့်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့်ဦးဇော်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးပြည်နယ် ပညာရေးမှူးများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပညာရေး ဝန်ကြီးဌာန အနေဖြင့် ကျောင်းပြင်ပရောက် လူငယ်လူကြီးများ အရည်အသွေးရှိသည့် ကျောင်းပြင်ပ ပညာသင်ယူနိုင်ခွင့် အခွင့်အလမ်းများကို ထိရောက်စွာတိုးမြှင့်ပေးနိုင်ရန်၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် စနစ်တကျ အကျိုးရှိစွာပူးပေါင်း ဆောင်ရွက်ရန် ရည်ရွယ် ချက်ဖြင့် ကျောင်းပြင်ပ တစ်သက်တာပညာရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုမူဘောင်နှင့် ကျောင်းပြင်ပတစ်သက်တာ ပညာရေး အရည်အသွေးစံ အကဲဖြတ်အညွှန်းဘောင်တို့ကို ညှိနှိုင်းရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ကျောင်းပြင်ပတစ်သက်တာ ပညာရေးမိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုမူဘောင်နှင့် အရည်အသွေးစံအကဲဖြတ် အညွှန်းဘောင် တို့ကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်