May 16, 2021
နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင်
May 16, 2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ နယ်မြေခံလေတပ်စခန်းဌာန ချုပ်နှင့် နယ်မြေခံတပ်ရင်းတို့အား ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ခေါင်းဆောင်နှင့်အင်အား(စိစစ်ဆဲ)အကြမ်းဖက်သူများက ၁၀၇ မမရှော့တိုက်ဒုံးများ ဖြင့် နှောင့်ယှက်ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။
May 16, 2021
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ၁ရက်တွင်နိုင်ငံတော်အားအရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်၏တာဝန် အရပ်ရပ်ကို တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ပြဋ္ဌာန်းထားသည့် ကာလ အတွင်း ထိန်းသိမ်းရယူကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း
May 16, 2021
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အ အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ကုသရေးဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှုကြောင့် ထပ်မံ ဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် တပ်မတော်မှ ပါဝင်ကူညီဆောင်ရွက်ရန် အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သောအဖွဲ့က သွားရောက်တာဝန်ထမ်းဆောင်လျက်ရှိသည်။
May 16, 2021
ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၁၁ နာရီကရေစီးရေလာစီမံခန့်ခွဲမှု ဌာနမှ ရေစီးရေလာကောင်းမွန် စေရန် ဆောင်ရွက်လျက်ရှိသည့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၇၂) ရပ်ကွက်ကျန်စစ်သားမြောင်း အတွင်း ရေစီးရေလာကောင်းမွန် စေရန် ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေး ပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
May 16, 2021
နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် နှစ်ပတ်လည် အထွေထွေအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် လီမိတက်၏ ရာနှုန်းပြည့် အစုရှယ်ယာရှင်ဖြစ်သော နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဘဏ်မှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
May 16, 2021
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်း မြို့နယ် အုန်းတောကျေးရွာရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)သို့ ရောက်ရှိပြီး နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများ စာသင်ခန်းအတွင်း ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ သင်ကြားနေမှုကို လှည့်လည် ကြည့်ရှုသည်။
May 16, 2021
ယခုအခါတွင် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန် CDM ပြုလုပ်မှုများ ကြောင့် ပြည်သူလူထု ထိခိုက်နစ်နာမှု ကြီးကြီးမားမားဖြစ်ခဲ့သောလုပ်ငန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများလည်း ပါဝင်ပေသည်။ CDM ပြုလုပ်မှုများ တွင် ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းပါဝင်ခဲ့မှုများကြောင့် မကျန်းမာသော ပြည်သူများ အားကိုးရာမဲ့ဖြစ်ခဲ့ကြသည်။
May 16, 2021
ဆင်းရဲနွမ်းပါးမှုဟူသည် ဘဝအရည်အသွေးနိမ့်ကျမှုပင်ဖြစ်သည်။ ဆင်းရဲနွမ်းပါးသော မိသားစုများတွင် စားဝတ်နေရေး အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်စွမ်း နိမ့်ကျခြင်း၊ ပညာသင်ကြားမှုနှင့် ကျန်းမာရေး ကုသမှုတို့ပြုလုပ်ရန်ခက်ခဲခြင်းတို့ကြောင့် နောက်ဆက် တွဲဖြစ်ပေါ်လာသည့် လူမှုဒုက္ခများကိုလည်း နေ့စဉ်ရင် ဆိုင်ကြရ သည်။
May 15, 2021
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် မေ ၁၄ ရက် နံနက်ပိုင်းတွင် ဖိုးနီကျွန်း(ဗိုလ်ရာညွှန့်ကျွန်း)နှင့် ဘာလားကျွန်း (သံယုတ် ကျွန်း)ကို အမြန်ရေယာဉ်ဖြင့် လှည့်ပတ်ကြည့်ရှုပြီး (115) ကျွန်းသို့ ရောက်ရှိရာ တာဝန်ရှိသူ များက ကျွန်းပေါ်တွင် ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဟိုတယ်စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
May 15, 2021
(၂၀၂၁ ခုနှစ်၊ မေလ (၁၅)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
May 15, 2021
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် အထည်ချုပ်လုပ်ငန်း အများဆုံးလုပ်ကိုင်သော ရွှေလင်ပန်းစက်မှုဇုန်မှ အလုပ်သမားများ အလုပ်အကိုင် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
May 15, 2021
၁။ လူမှုကွန်ရက်စာမျက်နှာ (Facebook) ၌ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အားလုံးအနေဖြင့် ရွေးကောက်ပွဲ မှတ်ပုံတင်ကြေး (ရွေးကောက်ပွဲဝင်ခွင့်အာမခံငွေ) ပေးသွင်းခဲ့သည့် ငွေကျပ် သုံးသိန်းကို ဇွန်လ ၁ ရက်နေ့မှစ၍ ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် မေလ ၁၂ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားသကဲ့သို့ သတင်းအမှားအား လွှင့်တင်ထားသည်ကို တွေ့ရှိရပါသည်။
May 15, 2021
ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများကို CoVID-19 ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ် (၁၀)မြို့နယ် အဆောင်၌ Quarantine ထားရှိခဲ့သည်။
May 15, 2021
ပြည်သူလူထု၏ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရိုး အကြောရောဂါ၊ အစာအိမ် ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင် ရွက်ပေးနိုင်ရန်အတွက် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် ဒေသအသီးသီးမှ ဝန်ထမ်းများနှင့် ဒေသခံများ၏ တောင်းဆိုမှုအရ တပ်မတော်မှ ဆေးကုသရေးအဖွဲ့များ စေလွှတ်၍ ဆေးကုသရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
May 15, 2021
ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၁ ခုနှစ် တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် ဆေးတက္ကသိုလ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဒိုင်အဖွဲ့ ဝင်များ တက်ရောက်ကြသည်။
May 15, 2021
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများ ကိုဗစ်(၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
May 15, 2021
မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို မှန်ကန်အကျိုး ရှိစွာ အသုံးချနိုင်ခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများအပါအဝင် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအပေါ်တွင် တည်ဆဲဥပဒေ များနှင့် အညီ လုပ်ကိုင်ခွင့်များ ခွင့်ပြုပေးလျက်ရှိရာ ဓာတ်သတ္တုထုတ်လုပ်ခြင်း လုပ်ငန်းများအတွက် သတ္တုတွင်းဝန်ကြီးဌာန၏ သဘောထားမှတ်ချက် အရ လည်းကောင်း၊ အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၏ သဘောထားမှတ်ချက်အရ လည်းကောင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက စိစစ်ခွင့်ပြုပေး လျက်ရှိသည်။
May 15, 2021
တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအနက် ပြည်သူလူထု အတွက် အဓိကအကျဆုံး ဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များစုစည်း၍ ဒေသခံပြည်သူလူထုများကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ် သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများ ခွဲစိတ်ကုသ ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
May 15, 2021
ပြည်ပဈေးကွက်ရရှိထားသော ပုစွန်၊ ကဏန်းအရှင် ပို့ကုန်မှာ ၂၀၂၀ ပြည့်နှစ် ဧပြီလမှစ၍ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တင်ပို့မှု လျော့ကျခဲ့သော်လည်း လုပ်ငန်းရပ်တန့်ခြင်းမရှိဘဲ လည်ပတ်ခဲ့ရာ ယခုအခါ ပြည်ပလေယာဉ်ခရီးစဉ်များပွင့်လန်းပါက ရေထွက်ပို့ကုန် ကဏ္ဍ ပြန်လည်ဦးမော့လာမည်ဖြစ်ကြောင်း သိရသည်။