နေပြည်တော် အောက်တိုဘာ ၂၉
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲကို ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နှင့် ကွန်ဟိန်းမြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့၊ ဖျာပုံမြို့နှင့် ဘိုကလေးမြို့၊ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ ဘုရားကြီးမြို့နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တို့၌ အသီးသီး ပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ် ခဲ့ကြသည်။
ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပါသည်၊ အမျိုးဘာသာ သာသနာကိုစောင့်ရှောက် သော မြန်မာ့တပ်မတော်အား ထောက်ခံပါသည်၊ NUG CRPH PDF အကြမ်းဖက်သမားအလိုမရှိ၊ NUG CRPH PDF အကြမ်းဖက် လုပ်ရပ်များအား ဆန့်ကျင်ကြ၊ ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒို့အရေး၊ ပြည်ပအားကိုး ပုဆိန်ရိုးများအား ဆန့်ကျင်ကြ၊ မြန်မာ့ပြည်တွင်းရေး ပြည်ပဖြည့်စွက်မှုအလိုမရှိ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလုပ်ငန်းစဉ်(၅) ရပ်အား ထောက်ခံပါသည်၊ ဒီမိုကရေစီ အရေခြုံကွန်မြူနစ် လုပ်ရပ်ကျဆုံးပါစေ၊ NUG PDF အကြမ်းဖက်မှု အမြစ်ဖြတ်၊ NUG PDF အကြမ်းဖက်မှုတွေ မြင်အောင်ကြည့်၊ NUG PDF ရဲ့ ပြည်သူ့အပေါ် အကြမ်းဖက်မှုချက်ချင်းရပ် ’’ စသည့် စာသားပါ ဆိုင်းဘုတ်များအား ကိုင်ဆောင် ကြွေးကြော်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်