နေပြည်တော် အောက်တိုဘာ ၂၉
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများ အား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကုမ္ပဏီငါးခုမှ Aziled Tabled ၃၃၃၃၃ ခု၊ Cebay Tablet ၁၄၄၀၊ Ultop Tablet ၁၅၀၀၊ Sol-U-Pred Injection ၇၃၅၀ ခု၊ Menem Injection ၂၀၀၀၊ Aziphromycil Saldoz Tablet ၂၄၀၁၇ ခု၊ Meropenem Injection ၃၀၃၇ ခု၊ N 95 နှာခေါင်းစည်း ၁၄ ခု၊ ရန်ကုန်ဆိပ်ကမ်းများမှ Syringe ၁၄၅၄၂ ခု၊ Drageranaesthetic Machine ၂၀ ခု၊ နှာခေါင်းစည်း ၈၇၁၀၀ ခု၊ Mindray Hand Carry Bag ၁၀ ခု၊ Diagnostic Ultrasound System Mindray ၂၃ ခု၊ X-Ray Machine သုံးခု၊ Oxygen Generator သုံးခု၊ အိမ်သုံးအောက်ဆီဂျင်စက် အခု ၂ဝ၊ ဆေးဝါးမျိုးစုံ ၅၄ မျိုး (၅၄၇၄၅၅ ဒသမ ၅၈ ကီလိုဂရမ်)၊ နယ်စပ် (မြဝတီ၊ ချင်းရွှေဟော်)တွင် ကုမ္ပဏီသုံးခုမှ နှာခေါင်းစည်း ၁၂၅၁၁ ကီလိုဂရမ်၊ အောက်ဆီဂျင်အရည် ၁၅၃၄၆ ကုဗမီတာ၊ Vitamin C Injection ၁၁၄၀၀ ကီလိုဂရမ်၊ Glucose Injecton ၂၄၄၈၀ ကီလိုဂရမ် ၊ Vitamin B1 Injection ၆၀၀၀ ကီလိုဂရမ်၊ Syringe ၁၃၆၁၆ ခုတို့အား ထုတ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်