Skip to main content

ပဲခူးမြို့နယ် မြို့ဦးကင်း(ပဲးခူးမြစ်) အတွင်း ငါးမျိုးများစိုက်ထည့်

ပဲခူး အောက်တိုဘာ ၂၉

ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပဲခူးခရိုင်ငါးလုပ်ငန်း ဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေသော ပဲခူးမြို့နယ်ရှိ မြို့ဦးကင်း(ပဲခူးမြစ်) အတွင်းသို့ ယနေ့တွင် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်း ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်သည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်း အနားသို့ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးမင်း၊ ခရိုင်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သနပ်ပင်ငါးလုပ်ငန်းစခန်း တာဝန်ခံနှင့် ဝန်ထမ်းများ၊ ပဲခူးငါးလုပ်ငန်း စခန်းတာဝန်ခံနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး မြို့ဦးကင်း(ပဲခူးမြစ်) အတွင်းသို့ ပဲခူးငါးလုပ်ငန်းစခန်းမှ နှစ်လက်မအရွယ် ငါးခုံးမကြီးကောင်ရေ ၁၀၀၀၀၀၊ ငါးမြစ်ချင်းကောင်ရေ ၂၀၀၀၀၀၊ သနပ်ပင်ငါးလုပ်ငန်းစခန်းမှ ငါးခုံးမကြီး ကောင်ရေ ၁၇၀၀၀၀၊ ငါးမြစ်ချင်း ကောင်ရေ ၁၆၀၀၀၀ စုစုပေါင်းငါးကောင် ရေ ၆၃၀၀၀၀ တို့အား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်