Skip to main content

ချင်းပြည်နယ်အတွင်းရှိ နေရပ်ပြန်ရန်ကျန်ရှိသော တိုက်ပွဲရှောင်ပြည်သူများကို ၎င်းတို့၏ နေရပ်အသီးသီးသို့ ဆက်လက်ကူညီပို့ဆောင်

နေပြည်တော် အောက်တိုဘာ ၂၉

ချင်းပြည်နယ်၊ ပလက်ဝမြို့၌ ယာယီနေထိုင်လျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူများအား ၎င်းတို့၏ နေရပ်ဖြစ်သော ကျေးရွာများ၌ ပြန်လည်နေထိုင်နိုင်ရန် လိုအပ်သည်များ ဆောင်ရွက်ပေးပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက အောက်တိုဘာ ၂၆ ရက်မှစတင်၍ ပြန်လည်ပို့ဆောင်ပေးလျက်ရှိရာ နေရပ်ပြန်ရန်ကျန်ရှိနေသော အောက်သဲမဝကျေးရွာနှင့် ဘောင်ဝကျေးရွာတို့မှ တိုက်ပွဲရှောင်ပြည်သူများအား ယနေ့တွင် စက်လှေများ၊ မော်တော်ယာဉ်များဖြင့် ဆက်လက် ပို့ဆောင်ပေးသည်။

တိုက်ပွဲရှောင်ပြည်သူများ၏ နေရပ်ဖြစ်သော ကျေးရွာများ၌ မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ နေအိမ်များ ပြန်လည်ပြုပြင်ပေးခြင်းနှင့် လုပ်ကိုင်စားသောက်ရန် လိုအပ်ချက်များ ပြန်လည်ဖြည့်ဆည်းပေးခြင်းတို့ကို ပြည်နယ်အစိုးရအဖွဲ့နှင့် တပ်မတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အောက်တိုဘာ ၂၆ ရက်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တမန်းသားကျေးရွာ၊ ပလပ်ချောင်းဝကျေးရွာနှင့် အန်ခိုးဝကျေးရွာတို့ရှိ တိုက်ပွဲရှောင်ပြည်သူများ အားလည်းကောင်း၊ အောက်တိုဘာ ၂၇ ရက်တွင် ဆီဖလောင်းကျေးရွာနှင့် အောင်မီးလက်ဝ ကျေးရွာတို့မှ တိုက်ပွဲရှောင် ပြည်သူများအား လည်းကောင်း၊ အောက်တိုဘာ ၂၈ ရက်တွင် စိမ့်စမ်းဝကျေးရွာနှင့် ငဗွီကျေးရွာတို့မှ တိုက်ပွဲရှောင်ပြည်သူများအားလည်းကောင်း တိုင်းစစ်ဌာနချုပ်မှနယ် မြေခံတပ်မတော် သားများက ၎င်းတို့၏နေရပ်အသီးသီးသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်