Skip to main content

Jul 24, 2026

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့်အတူ ယနေ့တွင် ဖလမ်းမြို့ရှိနယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းကို သွားရောက်ကြည့်ရှုကြပြီး ဒုတိယဝန်ကြီးက နိုင်ငံတော်အတွက် ပညာရည်မြင့်မား၍ စွမ်းရည်ပြည့်ဝသော မျိုးဆက်သစ်လူငယ်များဖြစ်လာစေရေး၊ ပညာရပ်များတတ်မြောက်၍ ကျောင်းဆင်းပြီးသွားပါက မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပြန်လည်တာဝန်ထမ်းဆောင်စေရေး၊ နယ်စပ်ဒေသတွင်နေထိုင်သည့် တိုင်းရင်းသားပြည်သူလူထု၏ လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် ဆောင်ရွက်လိုသည့်စိတ်ဓာတ်များ ထက်သန်စေရေး ပြုစုပျိုးထောင်လေ့ကျင့်ပေးကြရန် မှာကြားသည်။ 

ဆက်လက်ဖတ်ရှုရန်

Jul 24, 2026

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ဆရာဝန်ရာထူး ၁၆၀ နေရာနှင့် ဆရာဝန်(သွားနှင့်ခံတွင်း) ရာထူး ၄၂ နေရာတို့အတွက် လျှောက်ထားသူ ၁၄၂ ဦးအား စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်အထိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရုံးအမှတ် (၁၇) ၌ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2026

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(United Nations Population Fund-UNFPA)၏  မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig နှင့်အဖွဲ့အား ယနေ့နံနက်  ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး ဝန်ကြီးဌာနနှင့် UNFPA တို့အကြား နှစ်ဖက်သဘောတူထားသည့် စီမံကိန်းပါလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးဆောင်ရွက်နိုင်ရေး ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2026

MSME ဒီဂျစ်တယ်ချေးငွေလျှောက်ထားခြင်းဆိုင်ရာ အက်ပလီကေးရှင်း(MSME Digital Lending Application) သည် လုပ်ငန်းရှင်များအတွက် ငွေကြေးအရင်းအနှီးလိုအပ်ချက်ကို အချိန်တိုအတွင်း မြန်ဆန်စွာဖြည့်ဆည်းပေးနိုင်မည့် အဓိကပေါင်းကူးတံတားတစ်ခုဖြစ်လာမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2026

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့၌ မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ယမန်နေ့နံနက်ပိုင်းက  Jiegao International Jade & Jewelry Trade Center ၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးနှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo တို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2026

အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသမီးရေးရာဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့မြို့တော်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းဇော်မိုးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2026

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာမြို့နယ်နှင့် မြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးထားသော မတ္တရာမြို့နယ်ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများသည် အကြောင်းအမျိုးမျိုးကြောင့် ပြတ်တောက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော်လည်း လျှပ်စစ်ဓာတ်အားရရှိရေးကို အမြန်ဆုံးပြန်လည်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် မတ္တရာမြို့နယ်နှင့်ပတ်ဝန်းကျင်ကျေးရွာများတွင် ဓာတ်အားပြန်လည်ရရှိပြီဖြစ်ကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2026

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jul 24, 2026

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း

ဆက်လက်ဖတ်ရှုရန်

Jul 24, 2026

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော်(အထီး)ကလေး(၁)စီးအား ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက် နံနက် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2026

၂၀၂၃ ခုနှစ်အတွင်း အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများကြောင့် ရေကြီးရေလျှံမှုထိန်းသိမ်းရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနှင့်ရေကြောင်းခရီးသွားလာရေး လုပ်ငန်းတို့အတွက် အလွန်အရေးပါသည့် မိုးဗြဲရေလှောင်တမံပျက်စီးဆုံးရှုံးမှုများ ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ ဆောင်ရွက်လျက်ရှိပြီး ပျက်စီးခဲ့သည့် အဆောက်အအုံများ၊ တမံနှင့်ဆက်စပ်ရေအားအဆောက်အအုံများကိုလည်း ဘဏ္ဍာရေးနှစ် အလိုက် ဆက်လက်ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2026

ကလေးနှင့် မန္တလေးတို့တွင် ငွေကျပ်နှစ်ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၅ သိန်းကျော် ဖမ်းဆီးရမိပြီး တရားခံများကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားရှိပြီး မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေး အကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2026

ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁၂ နာရီ ၃၇ မိနစ်တွင် မြစ်ကြီးနား-မိုးညှင်းလမ်းပိုင်း ဟိုပင်မြို့နယ် နန်းခွင် ဘူတာမှ ထွက်ခွာလာသော ရထားလမ်းလုံခြုံရေးကင်းလှည့်ရထားသည် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် နန်းခွင်နှင့်ဟိုပင်ဘူတာအကြား မိုင်တိုင် ၆၅၄/၂ နှင့် ၁ ကြားသို့ရောက်ရှိစဉ် ရထားစက်ခေါင်းနှင့်အတူ တွဲနှစ်တွဲလမ်းချော်ကျမှုဖြစ်ပွားခဲ့သဖြင့် နန်းခွင်-ဟိုပင် လမ်းပိုင်းအား ယာယီပိတ်ထားခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2026

တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးဒသမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုနယ်မြေရှိ မြို့နယ်ရှစ်မြို့နယ်မှ လေ့လာသူ ၃၁၈ ဦး တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2026

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ရုံးမှတာဝန်ရှိသူများနှင့်အတူ တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(၂၈)ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့်  တောင်သူလယ်သမားများဘဝဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများအား ယနေ့မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော် (C)ဆောင် ဒုတိယထပ်ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2026

တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးဥပဒေရေးဆွဲနိုင်ရေး၊ လမ်းအဆင့်မြှင့်တင်ပေးရေး၊ တံတားအသစ် တည်ဆောက်ပေးနိုင်ရေး၊ ကန်တူးဖော်ရှင်းလင်းအဆင့်မြှင့်တင်ပေးရေးနှင့် ကုန်စည်ပို့ဆောင်ရာလမ်းကြောင်းများတွင် အဆင်ပြေစွာပို့ဆောင်နိုင်ရန် ဆောင်ရွက်ပေးရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်း ၇ ခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာ မုံခွန်း ဝိစစ်စတန်၏နေရာတွင် မစ္စတာ သော်ဆရလမ်အား ခန့်အပ်ရန် ထိုင်းနိုင်ငံအစိုးရ၏အဆိုပြုချက်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2026

၂၀၂၄ ခုနှစ် စက်တင်ဘာလတွင်ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းကြောင့် အထက်ပေါင်းလောင်း ဓာတ်အားပေးစက်ရုံ ဧရိယာအတွင်းရှိပျက်စီးဆုံးရှုံးမှုများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးသဖြင့် ဓာတ်အားပေးစက်ရုံမှ စက်စွမ်းအားပြည့်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မောင်းနှင်လျက်ရှိပြီး နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၄၅၄ သန်းကို မဟာဓာတ်အားလိုင်းမှတစ်ဆင့် ပြည်သူများထံသို့ ဖြန့်ဖြူးပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2026

၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်တွင် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက မြန်မာ့အရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့်ပတ်သက်၍ ဆွေးနွေးအကြံပြုခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံက (၁) အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အကြံပြုချက်အချို့သည် အပြုသဘောဆောင်သည်ကို မှတ်သားထားပါကြောင်း၊ နိုင်ငံ၏ ပြည်တွင်းရေးအခြေအနေပေါ် မူတည်၍ ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း၊ (၂) မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်မှုရှိရေးကို ဦးစားပေးဆောင်ရွက်နေသည့်အတွက် နိုင်ငံ့အကျိုးစီးပွားကိုအခြေခံပြီး အကြံပြုချက်များကို အလေးထားစဉ်းစားပေးမည်ဖြစ်ကြောင်း၊ (၃) အကြံပြုချက်များသည် နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုပြီး အာဆီယံပဋိညာဉ်စာတမ်း၊ အာဆီယံနည်းလမ်း၊ အာဆီယံစိတ်ဓာတ်တို့ကို အခြေခံမည်ဆိုပါက အပြုသဘောစဉ်းစားသွားမည်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ပြောကြားခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်