နေပြည်တော် ဇူလိုင် ၂၅
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ Naypyitaw State Polytechnic University (NSPU) ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်း၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ Naypyi-taw State Polytechnic University (NSPU)မှ ပါမောက္ခချုပ်(တာဝန်)၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကံ့ကော်ပင်ကို ဦးဆောင်စိုက်ပျိုး၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများ၌ ကံ့ကော်ပင်များကို စိုက်ပျိုးကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ပါမောက္ခချုပ်(တာဝန်)၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက သတ်မှတ်နေရာများတွင် ကံ့ကော်ပင်၊ ငုရွှေဝါပင်၊ ခရေပင်၊ စိန်ပန်းပြာပင်၊ ပိတောက်ပင်၊ ဆီသပြေပင်၊ မဟော်ဂနီပင်များနှင့် အရိပ်ရလေကာပင် ပျိုးပင်များကို အမျိုးသားရေး လှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
