Skip to main content

အလေးပြုပါတယ်… ဗိုလ်ချုပ်

ဖေဖော်ဝါရီလ ၁၃ ရက်နေ့သည် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သည်။ ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိနေမည်ဆိုပါက ၎င်း၏အသက်မှာ ၁၀၅ နှစ်ပြည့်မည်ဖြစ်သည်။ သေတစ်နေ့ မွေးတစ်နေ့ပါကွာဟု အရပ်ထဲတွင် ပြီးစလွယ် ပြောဖြစ်ကြသော်လည်း ဗိုလ်ချုပ်နှင့် ပတ်သက်၍မူ မြန်မာပြည်သူလူထုအားလုံးက အလေးအမြတ်ထားကြသည်။ မထား၍လည်းမဖြစ်။ ဗိုလ်ချုပ်သည် သာမန်လူတစ်ဦးမဟုတ်။ နိုင်ငံတော်၏ လွတ်လပ်ရေးကို အသက်ပေး၍ ရယူပေးခဲ့သူ။ မြန်မာပြည်သူအားလုံး၏ ကျေးဇူးရှင် တစ်နည်းအားဖြင့်ဆိုသော် ယောက်ျားအာဇာနည် ရဲဘော်သုံးကျိပ်ဝင်တစ်ဦး။ အဆိုပါပုဂ္ဂိုလ်မျိုး၏ မွေးနေ့ကို ကျွန်တော်တို့ အလွယ်တကူ မေ့မထားရက်ကြ။ အမြဲတမ်းအမှတ်ရပြီး ဂုဏ်ပြုထောမနာပြုနေခဲ့ကြရသည်။ ဤကား အ

ခွင့်တူညီမျှ ဝါဒဖြူစင် ဖက်ဒရယ်လစ်ဇင် စကားဝိုင်း(၁)

တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်သည့် မြန်မာနိုင်ငံတွင် ပြည်ထောင်စုကြီး အဓွန့်ရှည်ရန်၊ တိုင်းရင်းသားများ စည်းလုံးချစ်ခင်စွာ အတူတကွနေထိုင်နိုင်ရန် ငြိမ်းချမ်းရေးသည် မရှိမဖြစ် လိုအပ်လှသလို ဖက်ဒရယ်စနစ်ကို ကျင့်သုံးနိုင်ရန်အတွက်လည်း ကြိုးပမ်းလျက်ရှိသည်။ ထို့ကြောင့် ပြည်ထောင်စုနေ့ ဂုဏ်ပြုအထူးအစီအစဉ်အနေဖြင့် ခွင့်တူညီမျှ ဝါဒဖြူစင် ဖက်ဒရယ်လစ်ဇင် စကားဝိုင်း ဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူးထုတ်လွှင့်ခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် အနုပညာစကားဝိုင်း(၁)

တောင်တန်းဒေသနှင့် ပြည်မပူးပေါင်း၍ လွတ်လပ်ရေးကို အတူတကွရယူကြရန် သဘောတူညီပြီး ပင်လုံစာချုပ် လက်မှတ်ရေးထိုး ခဲ့ကြသည့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်ကို ပြည်ထောင်စုနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါသည့် နေ့ထူးနေ့မြတ်တစ်ခုလည်း ဖြစ်ပါသည်။ တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံ အဓွန့်ရှည် တည်တံ့စေရန်နှင့် တိုင်းရင်းသားများ စည်းလုံး ချစ်ကြည်စွာ အတူတကွ စုစည်းနေကြရန်အတွက် ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်လှပါသည်။

အတူညီညာလက်တွဲလို့ ကလိုက်ကြစို့လေ

ပုဂံစျေးသည် ရောင်းဝယ်ဖောက်ကားသူများနှင့် စည်ကားလျက်ရှိသည်။ အသီးအရွက်တို့ သူ့ထက်ငါလုယက်ရွေးချယ် ဝယ်နေကြသူများ၊ အဝတ်အထည်တို့ကို ကိုယ်တွင်ဟပ်၍ စျေးဆစ်နေကြသူများ၊ အိုးပုတ်ချိုးရုပ်ကလေးများကို ကိုင်ကြည့်မှုတ်ကြည့်နေကြသူများ အားလုံးတို့သည် ရောင်းသူဝယ်သူ အသံတူဟု ဆိုသော်လည်း နှစ်ဦးနှစ်ဖက် နှလုံးကြည်ဖြူစွာ ရောင်းဝယ်နေကြသည်ကို တွေ့ရသည်။ ထိုအထဲတွင် ရောင်းသူလည်းမဟုတ်၊ ဝယ်ရာတွင်လည်းမပါသည့် လူတစ်ယောက်က စျေးအတွင်း ဟိုမှသည်သည်မှဟို လူးလာလျှောက်နေသည် ကိုလည်း တွေ့ရသေးသည်။ စျေးကိုစနစ်တကျ ရှိစေရန် ကြီးကြပ်နေသူဖြစ်နိုင်သည်။

တိုင်းပြည်၏ သာယာဝပြောမှု

ဘယာဂတိမရှိစေချင်

"အချက်အလက်များကို သိလိုပါသည်၊ ခြိမ်းခြောက်မှုကို မလိုချင်ပါ" ဟူသော အသံများသည် နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှင့်ယှဉ်၍ပေါ်လာသော စကား ဖြစ်ပါသည်။ သို့သော် "ချောက်ချားစရာ အချက်အလက်များ"သည် လက်ခံရရှိသူအတွက် ကြောက်ရွံ့တုန်လှုပ် စရာလည်း ဖြစ်နိုင်ပါသည်။

သွေးချင်းတို့ရဲ့ ပွဲတော်ဆီမှ တိုင်းရင်းသားသွေးချင်းတို့၏ ရိုးရာယဉ်ကျေးမှု ပြခန်းများ(၅)

ရန်ကုန်မြို့ ကျိုက္ကဆံကွင်းအတွင်း ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ ကျင်းပနေသည့် ‘‘ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ’’ ပွဲတော်ကြီးသည် ပွဲတော် ကာလပြီးဆုံးရန် နီးကပ်လာသည်နှင့်အမျှ တိုင်းရင်းသားများ၏ ယဉ်ကျေးမှု ပြခန်းများသို့ လာရောက်လေ့လာသူများ၊ ညပိုင်းတွင် တိုင်းရင်းသားများ၏ ကပြဖျော်ဖြေတင်ဆက်မှုများနှင့် နာမည်ကျော် တေးသံရှင်များ၏ သီဆို ဖျော်ဖြေမှုများကို လာရောက်ကြည့်ရှုသူများ၊ ရိုးရာအစားအစာများ၏ ထူးခြား ကောင်းမွန်သော အရသာများကို လာရောက်စားသုံးသူများဖြင့် တစ်နေ့ထက် တစ်နေ့ ပိုမိုစည်ကားလျက်ရှိသည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

ရိုးရာယဉ်ကျေးမှုပြခန်း

အကျိုးရှိအောင် အသုံးပြုရမည့် လူထုအခြေပြုဗဟိုဌာန (Community Center)

အမှတ်မထင် တွေ့မြင်လိုက်ရသည့် အဆောက်အဦသည် ယခင်တွေ့နေကျ ရုံးဌာနများ၏ပုံသဏ္ဌာန်နှင့်မတူဘဲ တစ်မူထူးခြားနေသည်။ နိုင်ငံတကာအဆင့်မီ အများပြည်သူနှင့် သက်ဆိုင်သည့် ဌာနတစ်ခုပုံစံဖြင့် ဆွဲဆောင်မှု ရှိလှသည်။

အကျိုးရှိအောင် အသုံးပြုရမည့်လူထူအခြေပြုဗဟိုဌာန(Community Centre)

အမှတ်မထင် တွေ့မြင်လိုက်ရသည့် အဆောက်အဦသည် ယခင်တွေ့နေကျ ရုံးဌာနများ၏ ပုံသဏ္ဌာန်နှင့်မတူဘဲ တစ်မူထူးခြားနေသည်။ နိုင်ငံတကာ အဆင့်မီ အများပြည်သူနှင့် သက်ဆိုင်သည့်ဌာနတစ်ခုပုံစံဖြင့် ဆွဲဆောင်မှု ရှိလှသည်။

မတူကွဲပြားမှုများမှသည် ပြည်ထောင်စုအောင်ပွဲဆီသို့

မိသားစုတစ်စု အတွင်းမှာပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းအသိုက်အမြုံ တစ်ခုမှာပဲဖြစ်ဖြစ်၊ နိုင်ငံတစ်ခု ဒေသတစ်ခုမှာပဲဖြစ်ဖြစ် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိကြလျှင်ဖြင့် အရေးအရာ မှန်သမျှ အနှောင့်အယှက်ကင်းကင်းနဲ့ အဆင်ပြေပြေ၊ ချောချောမွေ့မွေ့ အောင်မြင်တတ်ကြပါတယ်။ တိုးတက်ဖွံ့ဖြိုးမှုလည်း ရရှိနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ ဒီလိုဖန်တီးနိုင်တဲ့ အရည်အချင်းတွေ ရရှိနေလို့ပဲဖြစ်ပါတယ်။ မြန်မာတိုင်းရင်းသားအပေါင်းဟာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရချင်လို့ နိုင်ငံလွတ်လပ်ရေးရရှိအောင် ကြိုးပမ်းအားထုတ်ခဲ့ ကြပါတယ်။

Subscribe to