Skip to main content

အဆိပ်သင့်ခဲ့ကြသော ပစ္စုပ္ပန်နှင့် အနာဂတ်များ

လူမှုကွန်ရက်စာမျက်နှာတွေမှာ စက်ရုံကစွန့်ပစ်ပစ္စည်းတွေကြောင့် မြစ်ရေ၊ ချောင်းရေတွေ အရောင်ပြောင်းကုန်တာ၊ ရေနေသတ္တဝါတွေ ထူးထူးဆန်းဆန်းသေကြတာ စတာတွေကို ဓာတ်ပုံတွေနဲ့တကွ ဖော်ပြကြတာ မကြာမကြာတွေ့နေရပါတယ်။ ဒါတွေကို သက်ဆိုင်ရာကုမ္ပဏီ၊ ဒေသခံနဲ့၊ အာဏာပိုင်တွေ ပူးပေါင်းဖြေရှင်းကြတာကိုလည်း အားတက် ဖွယ်တွေ့ရတယ်။ ဒီလိုကိစ္စမျိုးတွေဟာ ရေတိုဖြေရှင်းနည်းအပြင် ရေရှည်အတွက်ပါ ရည်ရွယ်ရမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒေသရဲ့ သဘာဝပတ်ဝန်းကျင်၊ ဒေသခံတွေရဲ့ ကျန်းမာရေး၊ လူမှုစီးပွား၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ လာမယ့်မျိုးဆက်တွေရဲ့ အနာဂတ်တွေအထိပါ အရေးပါနေလို့ပဲ ဖြစ်ပါတယ်။

နှစ် ၁၀ဝ ပြည့် ရန်ကုန်တက္ကသိုလ် ကျောင်းတော်ကြီးသို့…

မြန်မာ့ပညာရေးသမိုင်းတွင် အစဉ်အလာကြီးမားသည့် ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် စတင်တည်ထောင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် နှစ် ၁၀ဝ ပြည့်မြောက်တော့မည် ဖြစ်သည်။

လားရှိုးမြို့နယ် နောင်မွန်ကျေးရွာ၌ အာဖရိကဝက်အပြင်းဖျားရောဂါပိုးတွေ့ရှိသဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအုပ်စု နောင်မွန်ကျေးရွာ၌ သံသယဖြစ်ဖွယ် ဝက်ရောဂါ ဖြစ်ပွား မှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၇ ရက်တွင် နာမကျန်းဝက်နှစ်ကောင်မှ ကောက်ယူထားသော သွေးနမူနာပစ္စည်းကို မော်လီကျူလာနည်းပညာ (Real Time -PCR) ဖြင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ရာ အာဖရိကဝက်အပြင်းဖျားရောဂါပိုး (African Swine Fever Virus) ၏ မျိုးရိုးဗီဇကို တွေ့ရှိခဲ့ရသဖြင့် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) သို့ သတင်းပေးပို့ထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှုကိုအထောက်အကူပြုစေမည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဆောင်ရွက်ချက်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နဲ့ စင်ကာပူတရား လွှတ်တော်ချုပ်တို့ဟာ ၁၀-၂-၂၀၂၀ ရက်နေ့က တရားစီရင်ရေးဆိုင်ရာ Memorandum of Guidance (MOG) ရေးထိုးပြီး နှစ်နိုင်ငံသမိုင်းမှတ်တိုင်တစ်ခု စိုက်ထူခဲ့ပါတယ်။ ဒီ MOG ရဲ့ အမည်ကတော့ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့် စင်ကာပူသမ္မတနိုင်ငံ၊ တရားလွှတ်တော်ချုပ်တို့ အကြား ငွေကြေးဆိုင်ရာစီရင်ချက်များ အတည်ပြုရန် လမ်းညွှန်မှုစာချွန်လွှာ (Memorandum of Guidance as to Enforcement of Money Judgments Between the Supreme Court of the Union, Republic of the Union of Myanmar and the Supreme Court of the Republic of Singapore) ဖြစ်ပါတယ်

မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တွေ့ဆုံခြင်း

တောင်သူတွေအနေနဲ့ ဖရဲသီး၊ သခွားမွှေးတွေကို တင်ပို့တော့မယ်ဆိုရင်သတင်းအချက်အလက်ကို စုံစမ်းပြီးတော့မှ တင်ပို့စေချင်ပါတယ် (မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးနိုင်ဝင်း)

စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်းစကားဝိုင်း ကျင်းပ

စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်းစကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးသူရိန်လွင်က အစီအစဉ်မှူးအဖြစ်ဆောင်ရွက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး (စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရလွယ်ကူမှုအထောက်အကူပြုအဖွဲ့၊ အတွင်းရေးမှူး)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ငြိမ်းအောင် (ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်း

မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်

ဒါရိုက်တာ မောင်ခင်ဇော် (ကေသီပန်)နှင့် ရုပ်ရှင်စကားဝိုင်း

ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်

ဒီတစ်ပတ် ရုပ်ရှင်စကားဝိုင်းကို ကျွန်တော်နဲ့အတူ ဆွေးနွေးမယ့် ပုဂ္ဂိုလ်ကတော့ ခင်ဇော် (ကေသီပန်) ဆိုပြီးတော့ နာမည်ရှိတဲ့သူပါပဲ။ အခုကတော့ ကျွန်တော်တို့ကတော့ ဆရာဦးခင်ဇော်လို့ ခေါ်ဆိုပါတယ်။ ဆရာ ဦးခင်ဇော်ဟာ နာမည်ကျော် လူငယ်ဒါရိုက်တာ မိုက်တီးရဲ့ ဖခင်ဖြစ်သလိုပဲ သရုပ်ဆောင် ချစ်ချစ်ဇော်တို့၊ လင်းဇာနည်ဇော်တို့ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။

(၃၁-၁-၂၀၂၀ ရက်နေ့မှအဆက်)

ကြည်စိုးထွန်း ။ ။ ကြည်ကြည်ဌေး၊ မြင့်မြင့် ဌေးကလည်း အဲဒီကပဲ လာတာပဲ ထင်တယ်။

ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်)

ကမ္ဘာ့နေရာဒေသ အသီးသီးနေထိုင်ကြသည့် လူမျိုးအသီးသီး၏ ယဉ်ကျေးမှုထွန်းကားခဲ့သည့် ဖြစ်စဉ်များတွင် ကြွင်းကျန်ရစ်ခဲ့သော ဒြပ်ရှိ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်လာချိန်တွင် ရှေးဟောင်းသုတေသနပညာရပ်သည် အရေးပါသော ဘာသာရပ်တစ်ခု ဖြစ်လာခဲ့သည်။

ထို့ကြောင့်မြေပေါ်မြေအောက် အထောက်အထားများကို တူးဖော်ကာ သမိုင်းကွင်းဆက်နှင့် ယဉ်ကျေးမှုဖြစ်စဉ်များကို ဖော်ထုတ်သည့် ရှေးဟောင်းသုတေသနပညာကို ကမ္ဘာတစ်ဝန်း၌ စိတ်ဝင်စားစွာ သင်ယူသူများလည်း တိုးတက်များပြားလာခဲ့သည်။

Subscribe to