ပြည်ထောင်စုနေ့ဆိုသည်မှာ
ရာသီဥတုသာယာလှသည့် ဖေဖော်ဝါရီလသည် မြန်မာနိုင်ငံအတွက်ထူးခြားသော မှတ်တိုင်များ ရှိသည်။ မြန်မာ့လွတ်လပ်ရေးအတွက် အသက်တမျှအရေးပါသော တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ထင်ဟပ်စေသော ပင်လုံစာချုပ်ကြီးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့သည်။ အထူးသဖြင့် ထိုစာချုပ်ကြီးလက်မှတ်ရေးထိုးနိုင်ရေးနှင့် မြန်မာ့ လွတ်လပ်ရေး ကြီး ပြန်လည်ရရှိအောင် ဦးဆောင်ကြိုးပမ်းခဲ့သည့် လွတ်လပ်ရေးဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီးနှင့် အာဇာနည်ပုဂ္ဂိုလ်ကြီးကိုလည်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်မွေးဖွား ခဲ့သည်။ ထိုသို့ ပင်လုံစာချုပ်ကြီး လက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စုနေ့နှင့် လွတ်လပ်ရေး ဗိသုကာကြီး၏ မွေးနေ့ကိုမူ တချို့သော ပြည်