ငါးတို့သည် တစ်နေရာတည်းတွင် နေထိုင်လေ့မရှိဘဲ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသွားလာလျက် ရှိပေသည်။ အဓိကအားဖြင့် မိတ်လိုက် ဥချသားပေါက်ရန် ရွှေ့ပြောင်း သွားလာခြင်း (Spawning Migration)၊ အစားအစာ ရှာဖွေစားသောက်ရန် ရွှေ့ပြောင်းခြင်း (Feeding Migration)၊ ၎င်းတို့အတွက်လုံခြုံသည့်နေရာ ရှာဖွေရန် ရွှေ့ပြောင်းသွားလာခြင်း (Overwintering Migration) စသည့် အကြောင်းရင်းများကြောင့် ရာသီအလိုက် တစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းသွားလာကြပေသည်။