ကမ္ဘာကြီးပူနွေးတာရဲ့ အကြောင်းတရားနံပါတ် (၃)ကတော့ သစ်တောဟက်တာ သုံးဘီလီယံ ပျက်ပြုန်းသွားခဲ့တာပဲ။ ၁၉၀၀ပြည့်နှစ်မှာ သစ်တောဟက်တာ ခြောက်ဘီလီယံရှိရာက ၂၀၀၀ ပြည့်နှစ်မှာ သစ်တောဟက်တာသုံးဘီလီယံပဲ ကျန်ပါတော့တယ်။ ကျန်ရှိတဲ့ သစ်တောဟက်တာ သုံးဘီလီယံဟာ လေထုတွင်းက ပုံမှန်ရှိနေတဲ့ ကာဗွန်ဓာတ်ငွေ့ကို စုပ်ယူနိုင်စွမ်း ကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ ကမ္ဘာကြီးပူနွေးဖို့ အကြောင်းတရား ဖြစ်ပါတယ်။