Skip to main content

ခြင်ကျားအန္တရာယ်နှင့် သွေးလွန်တုပ်ကွေး ကူးစက်မှုပြဿနာ

မြန်မာနိုင်ငံသည် ခြင်မှတစ်ဆင့် ဖြစ်ပွားရသော ရောဂါဘယမျိုးစုံကို ပုံမှန်ခံစားရလေ့ရှိသည့် နိုင်ငံဖြစ်သည်။ ခြင်ကိုက်ခံရမှုကြောင့် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ၊ ဂျပန်ဦးနှောက်ရောင် ရောဂါ၊ ငှက်ဖျားရောဂါနှင့် ဆင်ခြေထောက်ရောဂါတို့ကို ခံစားရလေ့ရှိသည်။ သက်ဆိုင်ရာကျန်းမာ ရေးဌာနများက မိုးရာသီတွင် အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ဂျပန်ဦးနှောက်ရောင် ရောဂါများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ထုတ်ပြန် ထားပြီးဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသော နေ့အချိန်တွင် ကိုက်လေ့ရှိသည့် ခြင်ကျားကြောင့်ဖြစ်သည်။ ဂျပန်ဦးနှောက်ရောင်ရောဂါသည် ညနေစောင်း နေဝင်ရီတရောအချိန်တွင် ကိုက်လေ့ရှိသည့် ရောဂါပိုးသယ်ဆောင်သော ကျူးလက်စ်ခြင် အကိုက်ခံရခြင်းမှတစ်ဆင့် လူများအား ရောဂါ ကူးစက်ပျံ့နှံ့စေသည်။ ခြင်ကိုက်မခံရစေရန် နည်းမျိုးစုံဖြင့် ကြိုတင်ကာကွယ်လေ့ရှိသည်။ ခြင်ဆေးခွေများ ထွန်းညှိခြင်းသည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။ ခြင်ဆေးခွေကြောင့် ခြင်အကိုက်ခံရခြင်းမှ သက်သာရာရရှိသော်လည်း လူအများစုမှာ ခြင်ဆေးခွေထွန်းညှိရာမှ ထွက်ပေါ်လာသော အခိုးအငွေ့အန္တရာယ်ကို သတိပြုမိလေ့ မရှိပေ။
Subscribe to