Skip to main content

ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများစွာဖြင့် နိုင်ငံတကာကို ဖိတ်ခေါ်လျက်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်

မြန်မာနိုင်ငံ၏ပထမဆုံးနှင့် အကြီးဆုံးသော သီလဝါအထူးစီးပွားရေးဇုန်၌ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံဖိတ်ခေါ်ထားကြောင်း သီလဝါအထူးစီးပွားရေးဇုန်မှ သိရှိရပါသည်။ “သီလဝါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံတဲ့အခါ အခြားနေရာတွေနဲ့ကွာခြားမှုကို မြင်တွေ့ ခံစားရမယ်။ ထူးထူးခြားခြားကို မတူညီတဲ့အရသာခံစားရမယ်” ဟု သီလဝါအထူးစီးပွား ရေးဇုန်၏ စီမံခန့်ခွဲမှုကော်မတီက ကြေညာထားသည်။ သီလဝါအထူးစီးပွားရေးဇုန်သည် ရန်ကုန်မြို့စွန်၌ ၂၀၁၅ ခုနှစ် စက်တင်ဘာလက စတင်လည်ပတ်ခဲ့သည်။ စနစ်တကျတည် ဆောက်ထားသည့် အခြေခံအဆောက်အအုံများနှင့် ကောင်းမွန်ပြီးပြည့်စုံသည့် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကို သီလဝါအထူးစီးပွားရေးဇုန်၌ မြင်တွေ့ရသည်။
Subscribe to