အဆိပ်ပင်ပျိုးကာ အဆိပ်သီး မခူးမိစေနှင့်
ယခုရက်ပိုင်းအတွင်း PDF များက ဓားပြတိုက်သည်ဟူသည့် သတင်းများ ခပ်စိပ်စိပ် မြင်တွေ့ရသည်။ ဓားပြဟူ၍ တောရွာများမှာတိုက်သည့် ဓားပြမှုမျိုးမဟုတ်။ နေ့ခင်း ကြောင်တောင် မြို့လယ်ကောင်တွင် ပေါ်ပေါ်ထင်ထင် လုယက်၊ ခြိမ်းခြောက်ဓားပြတိုက်သည်။ သူတို့ကား လူငယ်လူရွယ်အများစုဟု မျက်မြင်များကဆိုကြသည်။ ထင်ရာစိုင်းတော်လှန်ရေးကို ဗန်းပြ၍ PDF အသွင်ပြောင်း ဓားပြများမှာ တစ်နေ့တခြား ဆိုးရွားလာပြီဖြစ်သည်။