Skip to main content

Aug 15, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိနှင့် ဒက္ခိဏသီရိမြို့နယ်များအတွင်း မြို့သာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2023

မိမိတို့ဌာန၏ အဓိကလုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်ကြရသကဲ့သို့ လက်ရှိနိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များအပေါ် ဌာနနှင့်ပတ်သက်ဆက်စပ်သည့် အချက်အလက်များကို လက်ငင်းဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများအဖြစ် သတ်မှတ်ကာ မဖြစ်မနေအောင်မြင်အောင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ ကျင်းပပြုလုပ်မည့် “(၇)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ”သို့ တက်ရောက်ရန် ကူမင်းမြို့၌ ရောက်ရှိနေသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက် ဒေသစံတော်ချိန် ၉ နာရီခွဲတွင် ယူနန်စက်မှုဖွံ့ဖြိုးရေးဇုန်၌ တည်ရှိသော ယူနန်ပန်တက်စ်နည်းပညာကုမ္ပဏီ (Yunnan Pan Test Technology Company) သို့ သွားရောက်လေ့လာရာ ကုမ္ပဏီမှတာဝန်ရှိသူများက လယ်ယာထွက်ကုန်များ စမ်းသပ်စစ်ဆေးနေမှု အခြေအနေကို လိုက်လံရှင်းလင်းပြသသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2023

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၁) သင်တန်းသား/ သင်တန်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2023

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Martin Griffiths ဦးဆောင်သောအဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2023

ယခုကဲ့သို့ မိုးရာသီကာလတွင် အလေ့ကျပေါက်ပင်တစ်မျိုးဖြစ်သော ငရံ့ပတူရွက်များကို ဈေးများထဲတွင် ရောင်းချနေသည်ကို တွေ့ရပါသည်။ ပြည်အနီးတဝိုက် ဒေသများမှ ထွက်ရှိပြီး ဈေးများတွင် လာရောက်ရောင်းချကြကာ တစ်စည်းလျှင် (၃၀၀)ကျပ်နှင့် (၂) စည်းလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချမှုရှိကြောင်း သိရပါသည်။ ငရံ့ပတူရွက်သည် ကျန်းမာရေးအတွက် စား

ဆက်လက်ဖတ်ရှုရန်

Aug 15, 2023

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင်‘ဝဥ’ပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားကြသည်ကို‌ တွေ့ရပါသည်။ ပဲခူးရိုးမတောင်ပေါ်တွင် တွေ့ရှိရသော ‘ဝဥ’ အနီမျိုးများကို အိမ်စားသုံးရန်အတွက် စိုက်ပျိုးကြခြင်းဖြစ်ပါသည်။ ‘ဝဥ’ပင်များတွင် အရိုင်းနှင့် အယဉ်ဟူ၍ နှစ်မျိုးရှိကြောင်း သိရပါသည်။ ‘ဝဥ’ အရိုင်းများကို စားသုံးရန်မသင့်ဘဲ ‘ဝဥ’အယဉ်များကိုသာ စားသုံးကြရပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2023

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဇီးကုန်းကျေးရွာတွင် ခြင်း၊ တောင်း၊ စကောနှင့် စကာများ ရက်လုပ်လျက်ရှိပါသည်။ ရွာနေပြည်သူများသည် ခြင်း၊ တောင်း၊ စကောနှင့် စကာများကို ရက်လုပ်ပြီး အသက်ဝမ်းကြောင်းပြုနေသော ရွာတစ်ရွာလည်း ဖြစ်ပါသည်။ ထိုအရာများကို ယက်လုပ် ရာတွင် ဝါးကို ကုန်ကြမ်းအဖြစ် အသုံးပြုကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2023

မန်ကျည်းပင်ကို မြန်မာနိုင်ငံအထက်ပိုင်းတွင် အများဆုံးစိုက်ပျိုးကြပါသည်။ လယ်ကွင်းများ၊ ဥယျာဉ်ခြံများ၊ ကျွဲ၊ နွားစားကျက်များ၌ မန်ကျည်းပင်ပေါက်စများကို အနှံအပြားတွေ့မြင်ရပြီး အပင် ပေါက်လွယ်သည့် သစ်ပင်မျိုးဖြစ်ကြောင်းသိရပါသည်။ မန်ကျည်းပင်ကို မြေညီပိုင်းတွင် နေရာတိုင်း၌ စိုက်ပျိုးနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2023

ဧရာဝတီတိုင်းဒေသကြီး၏ ပြည်ပပို့ကုန်များတွင် ပါဝင်လျက်ရှိသော ဆံပင်ဈေးကွက်မှာ ယခင် မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိသော်လည်း ကိုဗစ်ကာလတွင် ဆံပင်အရောင်းအဝယ်အေးသွား၍ ကိုဗစ်ကာလအလွန်၌ ရန်ကုန်မြို့တွင် တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံသားများက လာရောက်ဝယ်ယူလျက်ရှိပြီး အင်တာနက်ဖြင့် ပစ္စည်းနမူနာပြသ၍ ရောင်းဝယ်လျက်ရှိသည့်အတွက် ဆံပင်ဈေးကွက်ပြောင်းလဲသွားကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်၊၊

ဆက်လက်ဖတ်ရှုရန်

Aug 15, 2023

မြင်းခြံခရိုင်သည် အရှေ့ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ နယ်၊ တံတားဦးမြို့နယ်၊ တောင်ဘက်တွင် မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်နှင့် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်ခြား၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ မြောက်ဘက်တွင် စစ်ကိုင်းဒေသကြီး၊ မြောင်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2023

၂၀၂၂-၂၀၂၃ ခုနှစ်၊ ပဲမျိုးစုံပေါ်ချိန်အတွင်း ပဲမျိုးစုံ ဈေးနှုန်း/ဈေးကွက် အခြေအနေကောင်းခဲ့ပြီး ပဲပေါ်ချိန်ရာသီ ကုန်ဆုံးပြီးနောက် ထောပတ်ပဲဈေးမှာ အထူးဈေးကောင်းရလျက်ရှိကြောင်း သိရသည်၊၊

ဆက်လက်ဖတ်ရှုရန်

Aug 15, 2023

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာ တွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားသည့် အောက်ဖော်ပြပါ နိုင်ငံခြားငွေများ ဝယ်ယူ ရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီ(၁၃)ခုသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာမှုမရှိသဖြင့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License)အား အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ရုပ်သိမ်းကြောင်း အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာအပ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Aug 15, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Aug 15, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားသည့် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစတင်၍ ရဟန်းရှင်လူအများပြည်သူတို့ လာရောက်ဖူးမြော်နိုင်ရန်ဖွင့်လှစ်ထားရှိရာ သတ္တမမြောက်နေ့ဖြစ်သည့် ဩဂုတ် ၁၃ ရက်တွင် ဖူးမြော်သူဧည့်ပရိသတ်များဖြင့် တိုးမပေါက်အောင် စည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2023

ကမ္ဘာပေါ်ရှိ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အားဖြင့် အမြင့်ဆုံးဖြစ်သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အများပြည်သူဖူးမြော် ကြည်ညိုခွင့်ရရန် ဖွင့်လှစ်ပေးခဲ့သော ခုနစ်ရက်မြောက်နေ့ဖြစ်သည့် ယနေ့(ဩဂုတ် ၁၄ ရက်)တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2023

လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ သတင်း အချက်အလက်စနစ် (Social Management Informa-tion System-SMIS) ၏ အစိတ် အပိုင်းတစ်ခုဖြစ်သော ဖြစ်ရပ်စီမံ ခန့်ခွဲမှု သတင်းအချက်အလက် စနစ် (Case Management Information System - CMIS) Software Digital Platform ကို အသုံးပြု၍ “CMIS Database Training လက်တွေ့အသုံးပြုခြင်း” သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 15, 2023

မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးကိုကိုလွင်၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနမှ အရာထမ်းအမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်