Skip to main content

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ ပြည်မြို့တွင် ပေးသွင်းပြီးသားမီတာခများ ထပ်မံတောင်းခံနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုမှ လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၃

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ ပြည်မြို့တွင် ပေးသွင်းပြီးသား လျှပ်စစ်မီတာခတွေကို အကြွေးကျန်ဆိုပြီး တစ်အိမ်ကို ကျပ် ၅ သိန်းကျော် ပေးဆောင်ရကာ မပေးနိုင်တဲ့အိမ်ရှိ မီတာတွေကို လျှပ်စစ်ဝန်ထမ်းများက လိုက်လံဖြုတ်သိမ်းနေကြောင်း၊ ၂၀၂၁ ခုနှစ်က မီတာသုံးစွဲမှု အခွန်အခတွေပေးဆောင်ဖို့ကျန်တယ်ဆိုပြီး ထပ်မံဆောင်ခိုင်းခြင်းဖြစ်ကြောင်း၊ ပြည်သူများက လျှပ်စစ်အသုံးပြုခငွေပေးသွင်းထားတဲ့ ဖြတ်ပိုင်းတွေတင်ပြပေမဲ့ အဲ့ဒီအချိန်က တာဝန်ကျဝန်ထမ်းတွေမရှိတော့တဲ့အတွက် တရားမဝင်ဘူးဆိုပြီး ထပ်မံကောက်ခံနေတာဖြစ်ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုမှ လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မှန်ကန်မှုမရှိကြောင်း၊ ကောလာဟလသတင်းများသာဖြစ်ကြောင်း သိရှိရပါသည်။

အကြမ်းဖက်မှုအားပေးသည့် တရားမဝင်မီဒီယာများမှ နိုင်ငံရေးအရရှုပ်ထွေးမှုများဖြစ်ပွားလာအောင် အချိန်ကိုက်သွေးထိုးလှုံ့ဆော်နေခြင်းဖြစ်ပြီး ၎င်းမသမာတဲ့ Media များရဲ့ လုပ်နည်းလုပ်ဟန်ကိုသိရှိပြီး ပြည်သူများအနေနှင့် သွေးထိုးလှုံ့ဆော်မှုများကို သတိရှိရန်လိုအပ်ကြောင်း သတင်းရရှိပါသည်။