Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၆

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးသည် အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့ ညနေပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်၊ ဓနသိဒ္ဓိရပ်ကွက်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ သုခသိဒ္ဓိရပ်ကွက်တို့ရှိ ကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများနေထိုင်သည့် အိမ်ရာများ၊ လူပျိုနှင့် အပျိုဆောင်များသို့ သွားရောက်စစ်ဆေးသည်။

စစ်ဆေးစဉ်အိမ်ရာ၊ အဆောင်စည်းကမ်းချက်များနှင့်အညီ နေထိုင်ရေး၊ အဆောက်အဦများ ပြုပြုင်ထိန်းသိမ်းရေး၊ ရေ၊ မီးနှင့် ရေနုတ်မြောင်းစနစ်များ ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး၊ လုံခြုံရေးအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ကော်မရှင်ဥက္ကဋ္ဌက ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သော ဝန်ထမ်းများအနေဖြင့် အိမ်ရာနှင့် အဆောင်လုံခြုံရေးအတွက် အသိ၊ သတိဖြင့်နေထိုင်ကြရန်၊ အဆောင်စည်းကမ်း၊ တိုက်စည်းကမ်းလိုက်နာကြရန်၊ ဧည့်သည်များ လာရောက်ပါက ခွင့်ပြုချက်ဖြင့်တည်းခိုရန်၊ မသက်ဆိုင်သူများ လက်ခံထားရှိခြင်းမပြုရန်၊ ဧည့်စာရင်းတိုင်ကြားရန်၊ အမှိုက်များစွန့်ပစ်ရာတွင် စနစ်တကျစွန့်ပစ်ရန်၊ ဝန်ထမ်းအိမ်ရာနှင့် အဆောင်ပတ်ဝန်းကျင်ရှိ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်ရန်၊ လျှပ်စစ်မီးနှင့်ရေများကို လေလွင့်မှုမရှိစေရန်၊ စနစ်တကျသုံးစွဲရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး စီမံဆောင်ရွက်ရန်၊ လုံခြုံရေးအထူးသတိပြုရန်၊ တိုက်တာဝန်ခံ၊ ဒုတိယတိုက် တာဝန်ခံများအနေဖြင့် ဧည့်စာရင်းအပါအဝင် သန့်ရှင်းရေးနှင့် စည်းကမ်းတကျ နေထိုင်ရေးအတွက် စစ်ဆေးကြပ်မတ်ကြရန်၊ မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်