Skip to main content

ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော်ဆင်နွှဲရန် ယိမ်းအလှပျိုဖြူများ ယိမ်းအက ကြိုတင်လေ့ကျင့်နေမှု ကြည့်ရှုအားပေး

နေပြည်တော် ဧပြီ ၅

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက်ကျင်းပနိုင်ရန် ဝန်ကြီးဌာနများအလိုက် သင်္ကြန်ယိမ်းအဖွဲ့များဖြင့် သင်္ကြန်အကအလှများ ဇာတ်တိုက်လေ့ကျင့်လျက်ရှိရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်အကအလှများဖြင့် ပါဝင်ဖျော်ဖြေဆင်နွှဲရန် ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ယိမ်းအကကြိုတင်လေ့ကျင့်နေမှုကို ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သေသပ်စွာဝတ်စားဆင်ယင်ကြရန်၊ မျက်နှာအမူအရာပြုံးရွှင်စေရန်၊ ကိုယ်နေဟန်ထား ကြော့ရှင်းလှပမှုရှိစေရန်၊ ယိမ်းကကွက်များ ညီညာစေရန်စသည်ဖြင့် လိုအပ်သည်များ မှာကြားသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် “မူယာကြော့”၊ “တစ်နှစ်နွမ်း တစ်နှစ်ဆန်း”၊ “မြူမှောင်ဝေကင်း” တေးသီချင်းတို့ဖြင့် ကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်