Skip to main content

Dec 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ကျင်းပရာ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ(၁) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများတက်ရောက်ကြပြီး ဗဟိုကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တိုင်းစစ်ဌာနချုပ် တိုင်းမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

CFC ၏ Managing Director Dr. Sheikh Mohammed Belal ၏ ဖိတ်ကြားချက်အရ CFC ဆိုင်ရာ မြန်မာနိုင်ငံ၏ Governor ဖြစ်သူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် နယ်သာလန်နိုင်ငံ သည်ဟိဂ် မြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်သော ကုန်စည်များဆိုင်ရာဘုံရန်ပုံငွေအဖွဲ့ (Common Fund for Commodities-CFC) ၏ (၃၇) ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအစည်းအဝေးသို့ အွန်လိုင်းဖြင့် တက်ရောက်၍ မြန်မာနိုင်ငံကိုယ်စားပြု National State-ment ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်ဘူတာအနီး မီးရထားဟိုတယ်နှင့် အဆင့်မြင့်ဈေးဝယ်စင်တာ တည်ဆောက်မည့် မြေနေရာ၊ ဘောလုံးကွင်းတည်ဆောက်မည့် မြေနေရာ၊ ရတနာပုံမြို့သစ်စီမံကိန်းရှိ ရတနာပုံ Cyber City စီမံကိန်းအဆောက်အအုံများနှင့် အိမ်ရာစီမံကိန်းနေရာများ၊ ပြင်ဦးလွင်မြို့ ပဒေသာမြို့သစ် ရပ်ကွက် ကြီး (၈) နှင့် ရပ်ကွက်ကြီး (၁၀)တို့ရှိ လမ်းများ တိုးချဲ့၊ ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်မည့် အခြေအနေနှင့် ပန်းပွဲတော်ကျင်းပလျက်ရှိသည့် အမျိုးသားကန်တော်ကြီးဥယျာဉ်တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေး “ဒို့အတူမဲပေးကြမယ်” အသိပညာပေး ပြည်သူလူထုလှုံ့ဆော်ရေး Campaign ကို ယနေ့တွင် နေပြည်တော်ရှိ Naypyitaw State Academy နှင့် Naypyitaw State Polytechnic University တို့၌ ဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

တတိယအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ရုရှားတပ်မတော်ကြည်းတပ်ဖွဲ့၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ ဒုတိယကြည်းတပ်ဦးစီးချုပ် Colonel General Aleksandr Anatol-yevich Matovnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် သူရဲကောင်းဗိမာန်(နေပြည်တော်) သို့သွားရောက်၍ သူရဲကောင်းဗိမာန်အတွင်းရှိ အထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းများဖြင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် တာဝန်ထမ်းဆောင်ရင်း အသက်ပေးကျဆုံးသွားခဲ့ကြသည့် ခေတ်အဆက်ဆက်မှ သူရဲကောင်းစစ်သည်များအား အလေးပြုကြပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ဦးတည်ချက် (၄)ရပ်ကို ချမှတ်ထားသည့်အနက် တတိယအချက်ဖြစ်သည့် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” အချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ကျောင်းသား ကျောင်းသူများအား ဆေးပညာသင်ကြား မွေးထုတ်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2025

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ ရန်ရက်သတ္တနှစ်ပတ်ကျော်မျှသာ ကျန်ရှိတော့သည်။ ပြည်ပရောက် မြန်မာနိုင်ငံသားများမှာမူ သက်ဆိုင်ရာနိုင်ငံများအလိုက် ကြိုတင်မဲပေးနိုင်ရန် သတ်မှတ်ရက်များအလိုက် မဲရုံများဖွင့်လှစ်ပေးထားသည့် မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး(၅၀)တို့တွင် နိုင်ငံသားတာဝန် ကျေပွန်စွာဖြင့် ကြိုတင်ဆန္ဒမဲများပေးနေကြပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှူဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှု၊ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုနှင့် ဈေးများစနစ်တကျဖြစ်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Dec 11, 2025

စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၁၆) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရှိ စစ်ရေးပြကွင်း၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2025

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ရှိ ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2025

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ခြင်းလုံးပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲစဉ်များကို ဒီဇင်ဘာ ၁၀ ရက်က ထိုင်းနိုင်ငံ နခွန်ပထုန်ပြည်နယ် နခွန်ပထုန်အားကစားစင်တာရှိ ပရိသတ် ၄၀၀၀ ဆံ့ အားကစားရုံ၌ ကျင်းပရာ မြန်မာခြင်းလုံး အမျိုးသမီးအသင်းနှင့် အမျိုးသားအသင်းတို့က ရွှေတံဆိပ်ဆုများ စတင်ဆွတ်ခူးရယူနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2025

မြန်မာနိုင်ငံဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိသည့်အပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဘိန်းခင်းများ ဖျက်ဆီးမှုကိုလည်း ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2025

တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု) တို့နှင့်အတူ ဘိုကလေးမြို့နယ်သို့ ရောက်ရှိနေသည့် တပ်မ‌တော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဘိုကလေးမြို့နယ် မြင်းကကုန်းကျေးရွာရှိ တိုက်နယ်ဆေးရုံ၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2025

မြန်မာ-လာအို ချစ်ကြည်ရေးအသင်း တာချီလိတ်ရုံးခွဲကို ဗိုလ်ချုပ်အောင်ဆန်းလမ်း ရှမ်းရိုးမကွင်းအတွင်း တာချီလိတ်မြို့၌ ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2025

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် အမှတ် (၃) ရပ်ကွက် မဟာဗန္ဓုလလမ်းရှိ “ရွှေဇင်” အာမခံရွှေဆိုင်မှ ရွှေထည်ပစ္စည်းများနှင့် ငွေကျပ်သိန်း ၁၀၃၀ ကို ဒီဇင်ဘာ ၅ ရက်က သေနတ်ဖြင့်ခြိမ်းခြောက်၍ လုယက်ယူဆောင်ခဲ့သူများနှင့် ပူးပေါင်းပါဝင်သူတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 11, 2025

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိရာ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများသည် သက်ဆိုင်ရာအားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်ရန် နိုဝင်ဘာ ၃၀ ရက်မှစတင်၍ အဖွဲ့လိုက်ထိုင်းနိုင်ငံသို့ ထွက်ခွာလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်