Skip to main content

အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၉) သင်တန်းများမှ သင်တန်းသားများ နေပြည်တော်ကောင်စီနယ်မြေသို့ရောက်ရှိ

နေပြည်တော် မေ ၁၆

အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၉) သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်းစခန်း ၂၀ တွင် စုစုပေါင်းသင်တန်းသား ၁၀၄၄ ဦးဖြင့် ၂၀၂၆ ခုနှစ် ဧပြီ ၂၇ ရက်မှစတင်၍ သင်ကြားပို့ချလျက်ရှိသည်။

မိတ္ထီလာမြို့ရှိ မြန်မာပြည်မြောက်ပိုင်းသင်တန်းစခန်းမှ တန်းမြင့်လေကြောင်းလူငယ်သင်တန်းသား ၅၃ ဦး၊ မိတ္ထီလာသင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၅၀၊ မှော်ဘီမြို့ရှိ မြန်မာပြည်တောင်ပိုင်းသင်တန်းစခန်းမှ တန်းမြင့်လေကြောင်းလူငယ်သင်တန်းသား ၆၃ ဦး၊ ပြည်မြို့ရှိ ပြည်သင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၅၄ ဦး၊ ရန်ကုန်မြို့ရှိ ရန်ကုန်သင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၅၀၊ မော်လမြိုင်မြို့ရှိ မော်လမြိုင်သင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၅၀၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားသင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၆၀၊ နမ့်စန်မြို့ရှိ နမ့်စန်သင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၅၀၊ တောင်ကြီးမြို့ရှိ တောင်ကြီးသင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၆၀၊ တောင်ငူမြို့ရှိ တောင်ငူသင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၆၀၊ လွိုင်ကော်မြို့ရှိ လွိုင်ကော်သင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၅၅ ဦး၊ မြိတ်မြို့ရှိ မြိတ်သင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၅၁၊ မကွေးမြို့ရှိ မကွေးသင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၅၀၊ မုံရွာမြို့ရှိ မုံရွာသင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၅၀၊ ဟုမ္မလင်းမြို့ရှိ ဟုမ္မလင်းသင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၅၀၊ ပုသိမ်မြို့ရှိ ပုသိမ်သင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၅၃ ဦး၊ နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်သင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၆၅ ဦး၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံသင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၅၀ ၊ မန္တလေးမြို့ရှိ မန္တလေးသင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၅၀၊ ကိုကိုးကျွန်းမြို့ရှိ ကိုကိုးကျွန်းသင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၂၀ နှင့် အုပ်ချုပ်သူ/နည်းပြများသည် လေယာဉ်/ ရဟတ်ယာဉ် လိုက်ပါပျံသန်းရန်၊ ပြိုင်ပွဲများကျင်းပရန်၊ လေ့လာရေးခရီးစဉ်များ ဆောင်ရွက်ရန်နှင့် စုပေါင်းသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ရန်အတွက် နေပြည်တော်ကောင်စီနယ်မြေသို့ ယနေ့တွင် တပ်မတော်လေယာဉ်များ၊ တပ်မတော်မော်တော်ယာဉ်များဖြင့် စုံလင်စွာရောက်ရှိကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်ပါပို့ဆောင်ခြင်းနှင့် ကြိုဆိုနှုတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်