Aug 18, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကြီးမှူးဖွင့်လှစ်သည့် မြန်မာနိုင်ငံဘော်လီဘောဒိုင်လူကြီး (Referee) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။
Aug 18, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သီတဂူဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ ရှိ ရှေးဟောင်းအဆောက်အအုံများ၊ စေတီ၊ ပုထိုးများ ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုအခြေအနေများ ကိုလျှောက်ထားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ခုနစ်ရက်သားသမီးများကလှူဒါန်းသည့် ကြေးဗုဒ္ဓ ဆင်းတုတော်၊ ဓမ္မစေတီ၊ ဓာတ်တော်၊ စေတီတော်များနှင့် အလှူငွေများကို သီတဂူဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းကာ သီတဂူဆရာတော်ကြီးထံမှ ဩဝါဒခံယူသည်။
Aug 18, 2025
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းအား နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်သွားခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွမ်းဆောင်မှုဂုဏ်ပြုငွေ ဒေါ်လာ ၃၀၀၀၀ ချီးမြှင့်ခဲ့သည်။
Aug 18, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Aug 18, 2025
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Aug 18, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ မီတာစမ်းသပ်စစ်ဆေးရေးဌာန (Test Lab) မှ မီတာများ စမ်းသပ်စစ်ဆေးဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Aug 18, 2025
စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 18, 2025
ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများကို လေ့လာကြည့်လျှင် သဘာဝအရင်းအမြစ်များကို ပိုင်ဆိုင်ထားခြင်း၊ မပိုင်ဆိုင်ထားခြင်းထက် အသိပညာ၊ အတတ်ပညာ၊ နည်းပညာနှင့် ငွေကြေးအရင်းအနှီးများ ပိုင်ဆိုင်ထားခြင်းသည် ပို၍အဓိကဖြစ်နေသည်ကို တွေ့မြင်နိုင်သည်။ သဘာဝအရင်းအမြစ်များလည်း ပိုင်ဆိုင်၊ နည်းပညာနှင့် အရင်းအနှီးများလည်းရှိပါက အဆိုပါနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုတွင် ထိပ်တန်းရောက်သည့်နိုင်ငံဖြစ်နိုင်သည်။ မြန်မာနိုင်ငံအနေဖြင့် ပထဝီအနေအထားအရ ရေခံမြေခံ အခြေခံကောင်းများ များစွာရှိပြီး မကုန်နိုင်၊ မခန်းနိုင်သော တွင်းထွက်သယံဇာတနှင့် သဘာဝအရင်းအမြစ်များ အလျှံပယ်ပေါများကြွယ်ဝသည်။
Aug 18, 2025
မြို့ပြဒေသများ၊ စက်မှုလက်မှုလုပ်ငန်းများမှ နေ့စဉ်ထွက်ရှိလာနေသည့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲမှု မပြုနိုင်ခြင်းက ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာကို ကြီးထွားလာစေသည်။ စွန့်ပစ်ပစ္စည်းအမျိုးမျိုးတို့ကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများအနက် ပလတ်စတစ်ညစ်ညမ်းမှုသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး နေ့စဉ်နှင့်အမျှ ပိုမိုဆိုးရွားလာနေသည့် ပလတ်စတစ်ညစ်ညမ်းမှုမှာ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံး၌ပါ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာ နေသည်။
Aug 17, 2025
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၆) သို့ တက်ရောက်ကြမည့် ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံ့သားကောင်းရတနာများအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Aug 17, 2025
တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
Aug 17, 2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ ဩဂုတ် ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 17, 2025
၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဩဂုတ် ၁၆ ရက်က ဗီယက်နမ်နိုင်ငံ၌ကျင်းပရာ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းကထိုင်းအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်သွားသည်။
Aug 17, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 17, 2025
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မိတ္ထီလာမြို့ သူနာပြုသင်တန်းကျောင်း၌ ကျောင်းအုပ်ကြီး၊ သင်တန်းဆရာဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။
Aug 17, 2025
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တပ်ကုန်းနှင့် ကျောက်ဆည်ဒေသတို့ရှိရှေးဟောင်းအဆောက်အအုံ၊ စေတီ၊ ပုထိုးများ ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Aug 17, 2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
Aug 17, 2025
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက Inperson စနစ်ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လူမှုရေးရာဝန်ကြီးများက Virtual စနစ်ဖြင့် လည်းကောင်း တက်ရောက်ကြသည်။
Aug 17, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဩဂုတ် ၁၄ ရက်က မန္တလေးတိုင်းဒေသကြီးရှိ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)သို့ရောက်ရှိရာ ပါမောက္ခချုပ်က သင်တန်းများဖွင့်လှစ်နေမှုများ၊ မန္တလေးငလျင်ကြီးဒဏ်သင့် အဆောက်အအုံများအား ပြန်လည်ပြုပြင်တည်ဆောက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြားသည်။
Aug 17, 2025
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် နောင်ချိုမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအားတွေ့ဆုံ၍ လူငယ်ကဏ္ဍနှင့် ပညာရည်မြင့်မားရေး ဆွေးနွေးမှာကြားသည်။