နေပြည်တော် မေ ၁၆
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းအိမ်ရာများအနက် ပြန်လည်ပြုပြင်ပြီးစီးသွားသော ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များတွင် အရာထမ်း၊ အမှုထမ်းများ ပြန်လည်နေထိုင်နေမှုအခြေအနေကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်ရှိ သဇင် (၁)၊ အဆောင် (၁၀) နှင့် သဇင် (၆)၊ အဆောင် (၁) အပျိုဆောင်များ၊ ပညာသိဒ္ဓိရပ်ကွက်ရှိ ခရေအိမ်ရာ တိုက်အမှတ် (၁၃၂)၊ (၁၃၃) နှင့် (၁၃၄) တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးအခြေအနေ၊ အိမ်ရာနှင့် အဆောင်ဝင်းများအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ အိမ်ရာနှင့် အဆောင်စည်းကမ်းများနှင့်အညီ နေထိုင်နေမှု၊ ပြုပြင်ပြီးစီးသွားသည့် အဆောက်အအုံများ၏ ကြံ့ခိုင်မှုအခြေအနေ၊ ရေနှင့်လျှပ်စစ်မီးရရှိမှုတို့ကို မေးမြန်းအားပေးကာ ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်ခဲ့သည်။
သတင်းစဉ်
