May 18, 2026
“နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟူသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူစစ်မှုထမ်းအမှတ်စဉ် (၂/၂၀၂၄) တွင် မိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာ ပါဝင်စာရင်းပေးသွင်းပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတာဝန်များကို နိုင်ငံ့သားကောင်းများပီသစွာ စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသော ပြည်သူ့စစ်မှုထမ်းများသည် ယခုအခါ သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့ပြီဖြစ်သည်။
May 18, 2026
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
May 18, 2026
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့၏ ၂၀၂၅/၂၀၂၆ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးအား ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာ၀န်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုအမှုဆောင်အဖွဲ့မှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
May 18, 2026
ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၆) သို့ တက်ရောက်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများ၏ စခန်းပေါင်းစုံလှေလှော်ရွက်တိုက်ပြိုင်ပွဲနှင့် အခြေခံရေတပ်သားအချက်ပြဆက်သွယ်ရေးဆိုင်ရာပြိုင်ပွဲများကို မေ ၁၇ ရက် နံနက်ပိုင်းတွင် တပ်မတော် (ရေ) လှေလှော်ရွက်တိုက်အသင်း (အင်းလျားကန်) ၌ ပြုလုပ်ရာ တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းအုပ်ချုပ် သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
May 18, 2026
အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၉) သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်းစခန်း ၂၀ ခုတွင် လေ့ကျင့်သင်ကြားလျက်ရှိရာ မေ ၁၇ ရက်တွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ စုံလင်စွာရောက်ရှိကြသည်။
May 18, 2026
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ဇနီး ဒေါ်နီလာ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ရတနာစံကျောင်းတော်ကြီးရှိ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားအား သွားရောက်ဖူးမြော်ကြည်ညိုပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးကြသည်။
May 18, 2026
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ဇနီး ဒေါ်နီလာ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များနှင့်မိသားစုဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားသည်။
May 18, 2026
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယနေ့နံနက်ပိုင်းတွင် ကလောတပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်ခန်းမ၌ သွားရောက်တွေ့ဆုံအမှာစကားပြောကြားသည်။.
May 18, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 18, 2026
၂၀၂၆ ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို မေ ၁၇ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် သုံးယောက်တွဲနှင့် လေးယောက်တွဲပြိုင်ပွဲ အုပ်စုပွဲများ ယှဉ်ပြိုင်ကစားသည်။
May 18, 2026
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်အတွင်း ချင်းတွင်းမြစ်၏ အရှေ့ဘက်၌ တည်ရှိသည့် ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတွင် ၄၈ စတုရန်း ကီလိုမီတာလျှင် ကျားသစ်တစ်ကောင်မှ သုံးကောင်အထိ နေထိုင်ကျက်စားလျက်ရှိကြောင်း ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
May 18, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် တော်ဝင်ရတနာလမ်းပေါ်ရှိ လမ်းလယ်ကျွန်းနှင့် ရာဇဌာနီလမ်း (နှင်းဆီပန်းအဝိုင်းမှ ပဒုမ္မာကြာပန်းအဝိုင်း) တစ်လျှောက်ရှိ လမ်းလယ်ကျွန်းများတွင် စိုက်ပျိုးထားရှိသည့်နှစ်ရှည်ပင်များ ပုံသွင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
May 18, 2026
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က) ဘားအံဇုန်ပွဲစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုဘောလုံးအသင်းများအား ကြိုဆိုသည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ဘားအံမြို့ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
May 18, 2026
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မက္ခရာမြို့ဟောင်းရှိ ငလျင်ဒဏ်သင့်ဆေးဘုရားနှင့် ရွှေရောင်တော်ဘုရား ငါးဆူသို့ရောက်ရှိပြီး ကျောက်ဆည်မြို့ မဟာဂန္ဓာရုံကျောင်း ဆရာတော်ဘဒ္ဒန္တကုသလာဘိဝံသ အမှူးပြုသော ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ မက္ခရာဆေးဘုရား၊ အမရပူရခေတ်လက်ရာ နံရံဆေးရေးပန်းချီများရှိသော ရွှေရောင်တော်ဘုရားလိုဏ်အတွင်းရှိ နံရံဆေးရေးပန်းချီများကို ကြည့်ရှုစစ်ဆေးသည်။
May 18, 2026
အကြိမ် (၂၀)မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌ ကျင်းပသည်။
May 18, 2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းသည် ယမန်နေ့က မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်မြှင့်တင်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ ဘဲ၊ ကြက်၊ ဝက်၊ နွား မွေးမြူရေး တောင်သူများနှင့်တွေ့ဆုံ၍ လက်ရှိမွေးမြူထုတ်လုပ်ရေးအခြေအနေ၊ လုပ်ငန်းအလိုက်အတွေ့အကြုံများ၊ မွေးမြူရေးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရေးအတွက် အရင်းအနှီးလိုအပ်ချက်နှင့် နည်းပညာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆွေးနွေးသည်။
May 18, 2026
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် မေ ၁၅ ရက်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ တက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်များရှိ အင်္ဂလိပ်စာဌာနများမှ ဆရာ ဆရာမများနှင့် ဝါရင့်အထက်တန်းပြ ဆရာ ဆရာမများက ပို့ချလျက်ရှိသော အခြေခံပညာ မူလတန်းပြ ဆရာ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေး မြှင့်သင်တန်းများကို ကြည့်ရှုစစ်ဆေးသည်။
May 18, 2026
ကုန်သွယ်မှုဆိုင်ရာအသိပညာပေးသင်တန်း ၁ / ၂၀၂၆ ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း - MRCCI အစည်းအဝေးခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်၍ အမှာစကားပြောကြားသည်။
May 18, 2026
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယမန်နေ့နံနက်ပိုင်းတွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း ရွေ့လျားဆေးကုသယာဉ်များ (Mobile Medical Unit)ဖြင့် အလုပ်ဌာနများအရောက် အာမခံအလုပ်သမားများကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းအစီအစဉ်ကို ကြည့်ရှုအားပေးသည်။
May 18, 2026
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ဥပဒေအမှတ် (၁၂) ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည့် သတင်းမီဒီယာဥပဒေနှင့်အညီ ကောင်စီ၏လုပ်ငန်းအရပ်ရပ်ကို ဆောင်ရွက်လျက်ရှိပါသည်။
