Aug 17, 2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ ဩဂုတ် ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 17, 2025
၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဩဂုတ် ၁၆ ရက်က ဗီယက်နမ်နိုင်ငံ၌ကျင်းပရာ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းကထိုင်းအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်သွားသည်။
Aug 17, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 17, 2025
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မိတ္ထီလာမြို့ သူနာပြုသင်တန်းကျောင်း၌ ကျောင်းအုပ်ကြီး၊ သင်တန်းဆရာဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။
Aug 17, 2025
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တပ်ကုန်းနှင့် ကျောက်ဆည်ဒေသတို့ရှိရှေးဟောင်းအဆောက်အအုံ၊ စေတီ၊ ပုထိုးများ ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Aug 17, 2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
Aug 17, 2025
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက Inperson စနစ်ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လူမှုရေးရာဝန်ကြီးများက Virtual စနစ်ဖြင့် လည်းကောင်း တက်ရောက်ကြသည်။
Aug 17, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဩဂုတ် ၁၄ ရက်က မန္တလေးတိုင်းဒေသကြီးရှိ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)သို့ရောက်ရှိရာ ပါမောက္ခချုပ်က သင်တန်းများဖွင့်လှစ်နေမှုများ၊ မန္တလေးငလျင်ကြီးဒဏ်သင့် အဆောက်အအုံများအား ပြန်လည်ပြုပြင်တည်ဆောက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြားသည်။
Aug 17, 2025
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် နောင်ချိုမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအားတွေ့ဆုံ၍ လူငယ်ကဏ္ဍနှင့် ပညာရည်မြင့်မားရေး ဆွေးနွေးမှာကြားသည်။
Aug 17, 2025
ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force - FATF)၏ ကမ္ဘာလုံးဆိုင်ရာစံနှုန်းများ၊ နည်းစနစ်များ၊ လုပ်ထုံးလုပ်နည်း များနှင့်စပ်လျဉ်း၍ အခြေခံမိတ်ဆက်ခြင်းသင်တန်း ကို မြန်မာနိုင်ငံစာရင်းကောင်စီနှင့် မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ အထူးစုံစမ်း စ်ဆေးရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နဝဒေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက Video Message ပေးပို့၍ အဖွင့်အမှာစကားပြောကြားသည်။
Aug 17, 2025
စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော သံမဏိစက်ရုံစီမံကိန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စက်မှုဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ တာဝန်ရှိသူများ၊ စီမံကိန်းကြီးကြပ်မှုကော်မတီ၊ သံမဏိစက်ရုံစီမံကိန်းများ စီမံကိန်းအကောင်အထည်ဖော်ရေး ကြီးကြပ်ဆောင်ရွက်မည့်အဖွဲ့၊ စီမံကိန်း အကောင်အထည်ဖော်ရေးအဖွဲ့နှင့် စီမံကိန်းစီမံခန့်ခွဲရေးအဖွဲ့တို့မှ အဖွဲ့ဝင်များတက်ရောက်ကြသည်။
Aug 17, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အန်းနင်မြို့၌ (၁၀)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးသို့ တက်ရောက်သည့်ကာလအတွင်း ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာပရက်ဆုတ်ခ်ခွန်းနှင့် ဩဂုတ် ၁၄ ရက် ညနေပိုင်းတွင်လည်းကောင်း၊ လာအိုနိုင်ငံခြားရေးဝန်ကြီး မစ္စတာထောင်ဆာဗန် ဖုန်ဗီဟေးနှင့် ဩဂုတ် ၁၅ ရက် မွန်းလွဲပိုင်းတွင်လည်းကောင်း သီးခြားစီတွေ့ဆုံသည်။
Aug 17, 2025
နိုင်ငံ့စီးပွားရေးအားကောင်းလာအောင် ဖော်ဆောင်ပေးနိုင်မည်ဆိုပါက ပြည်သူ တစ်ဦးချင်းစီအလိုက် ဝင်ငွေတိုးတက်လာမည်ဖြစ်ပြီး အစားအသောက်များကို ပြည့်ပြည့်ဝဝ ဖူဖူလုံလုံစားသုံးနိုင်မည်ဖြစ်သည်။ အာဟာရပြည့်ဝသော အစားအသောက်များကို စားသောက်နိုင်ပါက မျှော်မှန်းသက်တမ်း မြင့်မားလာမည်ဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် ကောက်ယူထားသော လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ လူဦးရေ ၅၁ ဒသမ ၃ သန်းကျော်ခန့်ရှိသည်။ အလုပ်သမားဝန်ကြီးဌာန၏ ကောက်ယူထားသောစာရင်းအရ ပြည်ပ၌ အလုပ်လုပ်ကိုင်နေသူ နိုင်ငံသား ၃ ဒသမ ၄ သန်းခန့်ရှိသဖြင့် နိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ ၅၄ သန်းကျော်ရှိကြောင်း သိရသည်။
Aug 17, 2025
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄၅/၂ဝ၂၅ အဖြစ် ၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်တွင် ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ဤဥပဒေကို ပြဋ္ဌာန်းရခြင်းသည် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းကို တားဆီးနှောင့်ယှက်ခြင်းမှကာကွယ်ရန်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမကျင်းပမီ စည်းရုံးရေးကာလအတွင်း ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးမှုများကို နှောင့်ယှက်ဟန့်တားခြင်းမှကာကွယ်ရန်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လုံခြုံစိတ်ချစွာဖြင့် လွတ်လပ်စွာဆန္ဒမဲပေးရေးကို နှောင့်ယှက်ခြင်း၊ တားဆီးခြင်းတို့မှ ကာကွယ်ရန်၊ မဲရုံနှင့်မဲရုံအတွင်း တာဝန်ကျသူများ လုံခြုံမှုအပြည့်အဝဖြင့် တာဝန်ထမ်းဆောင်နိုင်ရန်ရည်ရွယ်ခြင်းဖြစ်သည်။
Aug 16, 2025
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
Aug 16, 2025
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၆) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပုသိမ်တပ်နယ်အားကစားခန်းမ၌ သွားရောက်တွေ့ဆုံသည်။
Aug 16, 2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကာ ဩဂုတ် ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 16, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 16, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း
Aug 16, 2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းဆောက်လုပ်မည့် မြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။