Skip to main content

Aug 30, 2024

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2024

 မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် မြင်းခြံ-နဘူးအိုင်လမ်းပိုင်းတွင် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များအား ဩဂုတ်လ ၂၇ ရက်တွင် ဓားပြတိုက်လျက်ရှိပြီး ဓားပြတိုက်သူများမှာ ရဲတပ်ဖွဲ့၊ တပ်မတော်နှင့်ပျူစောထီးများဖြစ်ကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများက သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2024

အမျိုးသားရေဥပဒေ တတိယမူကြမ်းကို ဆွေးနွေးတည်းဖြတ်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် အမျိုးသားရေဥပဒေရေးဆွဲပြုစု ရေးလုပ်ငန်းကော်မတီ၏ (၂/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၂၉) အစည်းဝေးခန်းမ၌ကျင်းပရာ အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2024

ပဲခူးမြို့ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့ တက်ရောက်ချီးမြှင့်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2024

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် GNE Co., Ltd တို့ ပူးပေါင်းဖွင့်လှစ်သည့် “e-Government ဆိုင်ရာ Firewall Administration User Training (Cyber Security) သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ GNE Co., Ltd မှ Branch Office Manager၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2024

သဘာဝရေပြင်များမှထွက်ရှိသည့် ငါးရှဉ့်များ မျိုးဆက်ပြတ်လပ်မှုမရှိစေရန် ကန်စနစ်မွေးမြူမှုထက် သဘာဝတွင်မွေးမြူပါက ပိုမိုရှင်သန်ပွားများနိုင်မည့် သုတေသနစမ်းသပ်မှုကိုတွေ့ရှိထားပြီး အောင်မြင်သော မွေးမြူမှုရလဒ်ကောင်းများရရှိနိုင်ရန် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ သုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2024

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍကို နိုင်ငံတော်ကအားပေးမြှင့်တင်လျက်ရှိရာတွင် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးကို ပထမဦးစားပေးအဖြစ်လည်းကောင်း၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များ ဖွံ့ဖြိုးတိုးတက်ရေးကို ဒုတိယဦးစားပေးအဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ့စီးပွားရေးတွင် MSME များသည် အဓိကမောင်းနှင် အားဖြစ်သကဲ့သို့ နိုင်ငံ၏စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင်လည်း အသေးစား၊ အငယ်စားမှ စတင်အခြေတည်ကာ အလတ်စားနှင့် အကြီးစားလုပ်ငန်းများအဖြစ်သို့ ဆက်လက်ဖွံ့ဖြိုးတိုးတက်သွားရမည်ဖြစ်သည့် အလျောက် MSME များ ခိုင်မာအားကောင်းလာစေရန်လိုသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2024

မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီကတည်းက အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မြင့်မားသောနိုင်ငံဖြစ်သည်။ နှစ်လို ဖွယ်ရာကောင်းသည့် မြန်မာတို့၏ ယဉ်ကျေးမှုအစဉ်အလာများကို ရှေးနှစ်ပေါင်း များစွာကာလကတည်းက ယနေ့ထက်တိုင်အောင် ထိန်းသိမ်းစောင့်ရှောက်မြှင့်တင် လျက်ရှိသည်။ မြင့်မားသောယဉ်ကျေးမှုအစဉ်အလာများဖြင့် နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ တတိယအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Aug 29, 2024

မြန်မာ့ပဲပုပ်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းတို့မှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/  ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းမှ တက်ရောက်ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ငယ်စစ်ဆေးရေးစခန်း၌ ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၆ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁ဝဝ၇၉၁၆၅ ကျပ်)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၃၀၇၉၁၆၅ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ရှိ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အသင်းပိုင်လယ်ယာများတွင် မိုးစပါးစိုက်ဧက ၅၀၀ မှ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ဧက ၂၅၀ တွင် ဆင်းသုခနှင့် GW-11 စပါးမျိုးများ မျိုးစပါးထုတ်လုပ်နေမှုကို အောင်မြင်အောင် ဆောင်ရွက်ကြရေး၊ အသင်းပိုင်ဆန်စက်အား စွမ်းအားပြည့် ကြိတ်ခွဲလည်ပတ်နိုင်ရေး၊ ဒေသနွားမွေးမြူရေးလုပ်ငန်းကို ဆက်လက်တိုးချဲ့မွေးမြူသွားရေး ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2024

ရေယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နေပြည်တော် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာဌာနမှ ပထမနှစ်နှင့် ဒုတိယနှစ်သင်တန်းမှ ကျောင်းသား ကျောင်းသူ ၂၉ ဦးနှင့် ကြီးကြပ်သူ ဆရာမ ခုနစ်ဦး စုစုပေါင်း ၃၆ ဦးတို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော် - တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ကြည့်ရှုလေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2024

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် မြို့တော်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်ကြောကျပ်တည်းသောလမ်းများတွင် မီးပွိုင့်ပေါင်း ၁၂၂ ခုတပ်ဆင်ထားရှိသည့်အနက် ဆိုလာစနစ်သုံးမီးပွိုင့်များလည်း ပါဝင်ပြီး ယခု၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ရိုးရိုးLED မီးပွိုင့်အသစ်ခြောက်ခုကို ထပ်မံတိုးချဲ့တပ်ဆင်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းက ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2024

သရက်ထောင်တွင် အကျဉ်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးက အကျဉ်းသားများကို တိုက်ပိတ်၍ ငွေခြိမ်းခြောက်တောင်းပြီး မူးယစ်ဆေးဝါးရောင်းချနေဟု Khit Thit အမည်ခံ Facebook Page က ဩဂုတ် ၂၂ ရက်တွင် မဟုတ်မမှန်လုပ်ကြံသတင်း ရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2024

(၁၉) ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံနှင့် ဆက်စပ်အစည်းအဝေးများ (19th Asia Media Summit & Associated Meetings) အား အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (AIBD) ၏ စီစဉ်မှုဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၅ ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2024

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ နံနက်ပိုင်းတွင် တောင်ဒဂုံမြို့နယ်ရှိ Arbourfield Assessment Center ၌ ဂဟေလုပ်သား Level-1၊ Level-2 အလုပ်အကိုင်အတွက် ဖြေဆိုသူများကို ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရန်ကင်းမြို့နယ်ရှိ Athean Community College တွင် ဟိုတယ်အလုပ်အကိုင်နှင့်ပတ်သက်၍ သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို သွားရောက်အားပေးသည်။

ဆက်လက်ဖတ်ရှုရန်