Aug 31, 2024
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့မွန်းလွဲပိုင်းက ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်အဖြစ် ဝန်ကြီးရုံးအသင်းနှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးသည်။
Aug 31, 2024
မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မကွေးတက္ကသိုလ်စာကြည့်တိုက်သို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ၏ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်များ ငှားရမ်းနေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။
Aug 31, 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 31, 2024
ဥပဒေရေးရာဝန်ကြီးဌာန၏ (၃)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 31, 2024
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒအမှန်မှာ ကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့်တိုင်းပြည်တွင် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးဖြစ်သည်။ ထိုအရေးနှင့်ပတ်သက်၍ မြို့ရွာ၊ တိုင်းပြည်တည်ငြိမ် အေးချမ်းသာယာရေးကို အစိုးရ၏အုပ်ချုပ်ရေး၊ လုံခြုံရေးအဖွဲ့အစည်းများက ဆောင်ရွက်ပေးပေလိမ့်မည်ဟု အကြမ်းဖျင်းဆိုကြမည်ဖြစ်သည်။ အမှန်တကယ်တွင် ကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့်တိုင်းပြည် လုံခြုံစိတ်ချအေးချမ်းသာယာရေးအတွက် အစိုးရသာမက ပြည်သူများတွင်လည်း တာဝန်ရှိသည်ဟု ဆိုချင်ပါသည်။
Aug 31, 2024
နိုင်ငံကို တည်ဆောက်ရာတွင် နိုင်ငံသားတိုင်းကျန်းမာကြံ့ခိုင်စေရန်နှင့် ဉာဏ်ပညာပြည့်စုံစေရန် အရေးကြီးသည့်အလျောက် နိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် ပညာရေးကဏ္ဍတို့ မြင့်မားဖို့လိုသည်။ နိုင်ငံသားတိုင်း ရောဂါဘယကင်းရှင်းစွာဖြင့် ကျန်းမာကြစေရန်အတွက် လိုအပ်ချက်မှာ ကျန်းမာရေးဆိုင်ရာ အသိသုတမြင့်မားကြစေရန်နှင့် လက်တွေ့လိုက်နာကျင့်သုံးကြစေရန်ပင် ဖြစ်သည်။
Aug 30, 2024
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဩဂုတ်လ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်ရှိ ကားဂိတ်တွင် မော်တော်ဆိုင်ကယ်ဖြင့် ပါဆယ်ပစ္စည်းလာရောက် ထုတ်ယူသူ စိုးတင့်အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးများ လက်ခံမည့်သူ စိုင်းခမ်းတီအား အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်တွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊
Aug 30, 2024
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်မှ ၂၉ ရက်အထိ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပသော (၁၈) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာအာဆီယံဝန်ကြီး အဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (18th ASEAN Ministerial Meeting on Transnational Crime and its Related Meetings - 18th AMMTC) သို့ တက်ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ မှ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုခဲ့ကြပါသည်။
Aug 30, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
Aug 30, 2024
မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် (ရုံးချုပ်) အဆောက်အဦနှင့် ဇလပ်ဝါပလာဇာဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်၊ ဥတ္တရသီရိမြို့၊ မန္တလေးလမ်းနှင့် ဇလပ်ဝါလမ်းရှိ အဆိုပါပလာဇာမျက်နှာစာ၌ ကျင်းပရာ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန်၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ၊ ဌာနကြီးမှူးများ၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Aug 30, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။
Aug 30, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့်ဆောင်ရွက်မည့် သစ်အခြေခံပရိဘောဂသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် ကြက်သွန်ခင်းကျေးရွာ၌ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
Aug 30, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့သို့သွားရောက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံသည်။
Aug 30, 2024
စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၂/၂၀၂၄-၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရုံးအမှတ် (၃၀) စက်မှုဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
Aug 30, 2024
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) သို့ ရောက်ရှိပြီး လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းနှင့် မော်တော်ယာဉ်စက်ပြင်သင်တန်းပို့ချနေမှုကို ကြည့်ရှုအားပေးသည်။
Aug 30, 2024
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၃) ကြိမ် မြောက်အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 30, 2024
မြန်မာ့လျှပ်စစ်ကား အသွင်ကူးပြောင်းရေး ဆောင်ရွက်လျက်ရှိရာတွင် ပြည်တွင်း EV လျှပ်စစ်တက္ကစီယာဉ်များကို အသုံးပြုလာကြပြီးနောက် ယခုအခါ ပြည်တွင်းခရီးသည် ပို့ဆောင်ရေးယာဉ်လိုင်းများသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချပေးနိုင်သည့် ခေတ်မီ EV လျှပ်စစ်ခရီးသည် တင်ယာဉ်သစ်ကြီးများဖြင့်စတင်၍ ပြေးဆွဲလာကြကြောင်း သိရသည်။
Aug 30, 2024
မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်း၊ အမှတ် (၂၂၈) ရှိ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
