Skip to main content

Nov 29, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းစက်လှေ ၁ စီးသည် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ၊ ကော့ဘဇားရှိ စိန့်မာတင် (St Martin) ကျွန်းအနီး နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ငါးဖမ်းနေစဉ် မြန်မာ့တပ်မတော် (ရေ) မှ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟူ၍ အဆိုပါနိုင်ငံရှိ http://www. Dhakatribune.com / Bangladesh / nation / 366495 / Bangladeshi-fisherman- injurred-by-myanmar-navy များ၌ ရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2024

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ၊ ရန်ကုန်ဘူတာကြီး၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2024

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့တို့က ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ထိုစာပေဆုရှင်တို့၏ ရင်တွင်းစကားသံအချို့ကို စုစည်းဖော်ပြလိုက်ရပါသည်-

ဆက်လက်ဖတ်ရှုရန်

Nov 29, 2024

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ် (၂၂၈) ရှိ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဖလား ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်းအမှတ် (၁) ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2024

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ် မြို့နယ်ရှိ Novotel Hotel ၌ ကျင်းပသည့် အလုပ်သမားဝန်ကြီး ဌာနနှင့် IOM တို့ ပူးပေါင်းကျင်းပသော ကျင့်ဝတ်နှင့်ညီသော လုပ်သားစုဆောင်းခြင်းစနစ်အတွက် လုပ်ငန်းဆောင်ရွက်မှုများကို နားလည်မှုမြှင့်တင်စေရေး (၁၉) ကြိမ်မြောက် International Recruitment Integrity System (IRIS) ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2024

ဆန်စပါး စင်တာတွင်ရှိသည့် Exporter များ၏ ပူးပေါင်းမှုဖြင့် ဆောင်ရွက်ထားရှိသည့် ပို့ကုန် အခြေပြုအရန်ဆန်စနစ်တွင် ဆန်အိတ်ရေ ရှစ်သိန်းခန့်ရှိကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ဆက်လက်ဖတ်ရှုရန်