May 27, 2021
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မြစိမ်းရောင်စီမံကိန်း သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 27, 2021
၂၀၂၂ ခုနှစ် မြန်မာလယ်ယာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းစီမံကိန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရုံးအမှတ် (၁၆)၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 27, 2021
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် နေပြည်တော်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော ဂျူဒိုနှင့် မြားပစ်အားကစားနည်းတို့၏ အကြို ဆန်းစစ်ပြိုင်ပွဲများကို ယနေ့နံနက် (၉)နာရီမှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ အသီးသီး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းတို့ တက်ရောက်ကြည့်ရှု အားပေးပြီး ဆုများချီးမြှင့်သည်။
May 27, 2021
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပညာရည်မြင့်မားရေး၊ လူ့စွမ်းအားဖွံ့ဖြိုးရေးနှင့် အသိ ပညာဖြန့်ဝေရေး (Knowledge Sharing Program (KSP)) အစီအစဉ်အရ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာဖြန့်ဝေရေးနှင့် လူ့စွမ်းအားအရည်အချင်း မြှင့်တင်ရေးဆွေးနွေးပွဲ အမှတ်စဉ် (၃)ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းမျဉ်းများနှင့်အညီ ကျင်းပသည်။
May 27, 2021
ကုန်သွယ်ရေးဦးစီးဌာန၏ ရုံးလုပ်ငန်းသုံး ကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၁) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပသည်။
May 27, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေး၊ တင်ဒါစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေးနှင့် အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဆောက်အဦဦးစီးဌာနနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ စုဝေးခန်းမဆောင်၌ COVID-19 ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
May 27, 2021
ဝါစိုက်ပျိုးရန် မြေပြုပြင်ခြင်း၊ မျိုးစေ့ချခြင်း၊ ဆေးဖြန်းခြင်းလုပ်ငန်းများတွင် နည်းပညာသစ် စက်ကိရိယာများ အသုံးပြုဆောင်ရွက်မှုအား စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု ကွင်းသရုပ်ပြပွဲကို မေ(၂၄)ရက်က မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဝါသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ရွှေတောင်ခြံ)၌ ကျင်းပရာ မိတ္ထီလာ စက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်းမှ နည်းပညာသစ် လယ်ယာသုံးစက်ကိရိယာများ ကိုင်တွယ်ထိန်းသိမ်းမှု သင်တန်း တက်ရောက်လျက်ရှိသည့် သင်တန်းသားများ၊ မိတ္ထီလာ၊ ကျောက်ဆည်၊ ပြင်ဦးလွင် မြို့နယ်များမှ လယ်ယာဝန်ဆောင်မှုအသင်းဝင်တောင်သူများ တက်ရောက် လေ့လာခဲ့ကြသည်။
May 27, 2021
ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဧပြီ ၃၀ရက်၌ ဖရူဆိုမြို့ရှောင်လမ်းဆုံတွင် တွေ့ရှိရသည့် မသင်္ကာဖွယ်ရာ အမျိုးသား ၇၄ ဦးတို့အား လက်နက် ကိုင်အဖွဲ့အစည်း တစ်ခုထံတွင်သင်တန်းတက်ရောက်ခဲ့သည့် အထောက်အထားများနှင့်အတူတွေ့ရှိဖမ်းဆီး ရမိခဲ့သဖြင့် ပြည်နယ် အတွင်း လိုအပ်သည့် လုံခြုံရေး ဆိုင်ရာ စစ်ဆေးမှုများကိုဆောင်ရွက်ခဲ့ပြီး သက်ဆိုင် ရာ အဖွဲ့အစည်းများကိုလည်း လက်နက်ကိုင်ဆူပူမှု များနှင့်ပတ်သက်၍ အားပေးခြင်း၊ ကူညီခြင်းများ မပြုလုပ်ဘဲ အေးချမ်းစွာနေထိုင်ရန် သတိပေးခဲ့ သည်။
May 27, 2021
ရန်ကုန်မြို့မှ မြန်မာပြည်တစ်ဝန်းသို့ ခရီးသွားလာမှု ပွင့်လန်းလာလျက်ရှိရာ မေလဆန်းမှစ၍ ခရီးသွား လာမှုတိုးလာသောကြောင့် အောင်မင်္ဂလာအဝေး ပြေးမှယာဉ်လိုင်းများတိုးချဲ့ပြေးဆွဲပေးမှုဖြင့် အများ ပြည်သူခရီးသွားလာမှု အဆင်ပြေလျက်ရှိပြီး ယာဉ်