ရန်ကုန် မေ ၂၆
ရန်ကုန်မြို့မှ မြန်မာပြည်တစ်ဝန်းသို့ ခရီးသွားလာမှု ပွင့်လန်းလာလျက်ရှိရာ မေလဆန်းမှစ၍ ခရီးသွား လာမှုတိုးလာသောကြောင့် အောင်မင်္ဂလာအဝေး ပြေးမှယာဉ်လိုင်းများတိုးချဲ့ပြေးဆွဲပေးမှုဖြင့် အများ ပြည်သူခရီးသွားလာမှု အဆင်ပြေလျက်ရှိပြီး ယာဉ်
လိုင်းများ လုပ်ငန်းလုပ်ဆောင်မှုမှ ဝင်ငွေတိုးပြီး လူမှုစီးပွားကဏ္ဍမှာလည်း အဆင်ပြေလာကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ခရီးသွားအများဆုံး ပို့ဆောင်ရာ အောင်မင်္ဂလာအဝေးပြေးကားဝင်းနှင့် ဒဂုံ-ဧရာ ကားဝင်းတို့တွင် ဧပြီလကုန်ပိုင်းမှစ၍ ခရီးသွား ကဏ္ဍ ပြန်လည်ဦးမော့ခဲ့ပြီး ရုံးပိတ်ရက်တို့တွင် ခရီးသွားများလာရာမှ မေလဆန်းတွင် နေ့စဉ်ခရီး သွား တိုးလာသောကြောင့် ရန်ကုန်မြို့၏ခရီးသွား ကဏ္ဍနှင့်ကုန်စည်စီးဆင်းမှု သွက်လက်လာလျက် ရှိသည်။ "ခရီးသွားတိုးလာတာနဲ့အမျှ ယာဉ်အစီး ရေတိုးချဲ့ပြေးဆွဲနေပါတယ်။ ရုံးပိတ်ရက်သွားလာ မှုများရာကနေ အခု နေ့စဉ်ခရီးသွားတိုးလာတာ တွေ့ရတယ်။ သွားလာမှုအဆင်ပြေတော့ ခရီးသွား များလာတဲ့အတွက် ယာဉ်လိုင်းတွေလည်း အဆင် ပြေလာတယ်။ ကမ္ဘာ့ကပ်ရောဂါကာလဖြစ်တဲ့အတွက် ယာဉ်လိုင်းတွေကို ကျန်းမာရေးဦးစီးဌာနက ညွှန် ကြားချက်နဲ့အညီပြေးဆွဲဖို့မကြာခဏသတိပေးနေရ ပါတယ်။ ခရီးသွားတွေ နှာခေါင်းစည်းတပ်ပြီးမှကား ပေါ်တက်ခွင့်ပြုဖို့၊ လက်ဆေးဖို့လည်းပါတယ်။ ခရီး သွားကဏ္ဍမှာ ကိုဗစ်နဲ့ပတ်သက်ပြီး လျော့လို့မရ ဘူး။ ထပ်ဖြစ်လာရင်ယာဉ်လိုင်းတွေ ရပ်နိုင်တာ ကြောင့် ကြပ်မတ်ဆောင်ရွက်နေပါတယ်။ အားလုံး ဝိုင်းဝန်းမှလည်း အောင်မြင်မှာပါ။ ချောမွေ့စွာ ခရီး သွားလာနိုင်မှုအပေါ် ဝမ်းသာပါတယ်။ ခရီးသွားမှု ပါတယ်။ ခရီးသွားတွေ နှာခေါင်းစည်းတပ်ပြီးမှကား ပေါ်တက်ခွင့်ပြုဖို့၊ လက်ဆေးဖို့လည်းပါတယ်။ ခရီး သွားကဏ္ဍမှာ ကိုဗစ်နဲ့ပတ်သက်ပြီး လျော့လို့မရ ဘူး။ ထပ်ဖြစ်လာရင်ယာဉ်လိုင်းတွေ ရပ်နိုင်တာ ကြောင့် ကြပ်မတ်ဆောင်ရွက်နေပါတယ်။ အားလုံး ဝိုင်းဝန်းမှလည်း အောင်မြင်မှာပါ။ ချောမွေ့စွာ ခရီး သွားလာနိုင်မှုအပေါ် ဝမ်းသာပါတယ်။ ခရီးသွားမှု များလေယာဉ်လိုင်းတွေရဲ့ လူမှုစီးပွားလည်း အဆင် -ပြီးဘက်စုံအကျိုးရှိ စေမှာပါ"ဟု ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ် မှုကော်မတီဝင် ဦးဘမြင့်က ပြောသည်။
ရန်ကုန်မြို့မှနိုင်ငံတစ်ဝန်းသို့ အဝေးပြေးယာဉ် လိုင်းပေါင်း ၁၆၉ လိုင်းပြေးဆွဲခဲ့ပြီး ယခုအပတ် အတွင်း တစ်ရက်လျှင် ဧရာဝတီတိုင်းဒေသကြီးမှ အပကျန်သော တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ အောင်မင်္ဂလာ အဝေးပြေး ကားဝင်းတွင် ယာဉ်လိုင်း ၁၀၇ လိုင်းမှ ယာဉ်အစီးရေ ၂၃၅ စီးနှင့် ခရီးသွား ၂၉၀၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီးသို့ ပြေးဆွဲသော ဒဂုံ-ဧရာ အဝေးပြေးကားဝင်းတွင် ယာဉ်လိုင်းပေါင်း ၆၂လိုင်း မှယာဉ်အစီးရေ ၁၁၆ စီးဖြင့်ခရီးသွား ၁၁၀၀ ကျော် ကို နေ့စဉ်ဝန်ဆောင်မှုပေးလျက်ရှိရာ တစ်ရက်လျှင် ရန်ကုန်မြို့မှ ပြည်သူ၄၀၀၀ကျော်ခရီးသွားလာလျက်ရှိ ၍ လပိုင်းအတွင်းခရီးသွားကဏ္ဍတိုးလာလျက်ရှိသည်။
ရန်ကုန်မြို့မှ နိုင်ငံတစ်ဝန်းသို့ ပြေးဆွဲသော အဝေးပြေးယာဉ်လိုင်းပေါင်း ၃၈၆ လိုင်းရှိပြီး အောင် မင်္ဂလာအဝေးပြေးတွင် ယာဉ်လိုင်းပေါင်း ၂၆၃ လိုင်း နှင့် ဒဂုံ-ဧရာအဝေးပြေးတွင် ယာဉ်လိုင်းပေါင်း ၁၂၃ လိုင်းတို့မှ ယာဉ်အစီးရေ ၃၇၉၅ စီးရှိသည်။ ပြန် လည် ဦးမော့လာသော ရန်ကုန်မြို့၏ ခရီးသွား ကဏ္ဍတွင် မေလနောက်ဆုံးပတ်၌ တန်ဆာကုန် ပစ္စည်းနှင့် ခရီးသည်ပို့ဆောင်ရေး ပြန်လည်တိုး တက်လျက်ရှိပြီး ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ စီးနင်းရသောကြောင့် ယာဉ်စီးခ နှစ်ဆနီးပါးဖြင့် ပြေးဆွဲပေးလျက်ရှိကာ ခရီးသွားတိုးတက် လာမှုနှင့် အညီ အဝေးပြေးယာဉ်လိုင်း တိုးချဲ့ပြေးဆွဲမှုဖြင့် ယာဉ်လိုင်းတို့၏လူမှုစီးပွားကဏ္ဍယခင်ထက်အဆင် ပြေလာသည်။
ညိမ်းသူ ၊ ဓာတ်ပုံ - ကနူး