Skip to main content

၂၀၂၅−၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများအား(ဒုတိယအကြိမ်)ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်

နေပြည်တော်   အောက်တိုဘာ    ၁၆

၂၀၂၅−၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်မိသားစုဝင် ကျောင်းသားကျောင်းသူများအား(ဒုတိယအကြိမ်)ကျောင်းဝတ်စုံနှင့်စာရေးကိရိယာများပေးအပ်ခြင်းကို ယနေ့တွင် စစ်တွေတပ်နယ်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊   စစ်သည်၊  မိသားစုများ၊  ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း  ကျောင်းသား ကျောင်းသူ ၅၄၃ ဦးအတွက် ကျောင်းဝတ်စုံ ၅၄၃ စုံနှင့် စာရေးကိရိယာများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်