Skip to main content

Oct 31, 2020

မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားများ Covid-19 ကပ်ရောဂါ ဘေးကင်းဝေးပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာရေး ရည်မျှော်တွေးလျက် ၁၃၈၂ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ယနေ့ နံနက် ၇ နာရီ မိနစ် ၂၀ တွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်၏ ဘူမိနက်သန်အောင်မြေ အမှန်ဖြစ်သည့် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် သာသနာ့ သမိုင်းဝင် မဟာ ပါသာဏလိုဏ်ဂူတော် သိမ်တော်ကြီး၌ နိုင်ငံတော်သံဃ မဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဆရာတော်ကြီး ၁၅ ပါးတို့သည် အန္တရာယ်ကင်း ပရိတ်တရားတော်များ၊ အနန္တရာယိက အန္တရာယ်ကင်း ကမ္မဝါစာများ ရွတ်ဖတ် ပူဇော်တော်မူကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ကိုရီးယား သမ္မတနိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားများ အဖွဲ့ချုပ်တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ် ဆောင်ခဲ့ရာ ယနေ့ည ၈ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2020

မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ရောဂါပြန့်ပွားမှုအား ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် အခြေချနေထိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသား ဟောင်းများနှင့် မြန်မာအသိုက် အဝန်း မိသားစုများမှ N95 Face Mask (၇,၃၀၀)၊ Surgical နှင့် Disposable Face Mask (၈၄,၀၀၀)၊ Face Shield (၉,၁၀၀) နှင့် Disposable CPE Gown (၅၄၀) အပါအဝင် အခြား ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2020

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၂ ခုနှစ် သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အခမ်းအနားကို ယနေ့ နံနက်(၈)နာရီတွင် ရွှေတိဂုံစေတီတော် ရှေးဟောင်းရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2020

 

ယမန်နေ့မှအဆက်

လုပ်ငန်းဆောင်ရွက်မည့်နည်းလမ်းများ

ဆက်လက်ဖတ်ရှုရန်

Oct 31, 2020

ရန်ကုန် အောက်တိုဘာ ၃၀

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဖြန့်ဝေပေးမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသောပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့သို့ ယနေ့တွင် အထူး လေယာဉ်များဖြင့် ဆက်လက်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီ ရပ်ဆိုင်းထားခြင်းကြောင့် အီဂျစ်နိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား ၁၄၀ အား ကိုင်ရို မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် လည်း ကောင်း၊ ကိုရီးယားသမ္မတနိုင်ငံ၌ အခက်အခဲကြုံတွေ့ နေရသည့်

ဆက်လက်ဖတ်ရှုရန်

Oct 31, 2020

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် “ရန်ကုန်တက္ကသိုလ်” ကို စတင်တည်ထောင်သည့် အခါ၌ ရန်ကုန်တက္ကသိုလ်တွင် (၁) တက္ကသိုလ် ကောလိပ်၊ (၂) ဂျပ်ဆင်ကောလိပ် ဟူ၍ ကောလိပ် ကျောင်းနှစ်ကျောင်း စတင်ပါဝင်လာပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2020

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် အောက်တိုဘာ ၂၉ ရက်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်- ၁၉ ကျန်းမာရေးဆိုင်ရာ စံလုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2020

ယနေ့သည် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့သည် ပြီးခဲ့သည့် ဝါဆိုလပြည့်နေ့မှစ၍ ဝါဆိုဝါကပ်တော်မူခဲ့သော ရဟန်းသံဃာတော်များ ဝါတွင်းသုံးလပြည့် မြောက်ပြီး ဝါထွက်တော်မူသည့်နေ့ ဖြစ်သည်။ ရဟန်းသံဃာတော်များ ဝါတွင်းသုံးလ သီတင်းသုံးရာမှ ကျွတ်လွတ်သောကာလကို ဝါကျွတ်ကာလဟု ဆိုသည်။

ဆက်လက်ဖတ်ရှုရန်

Oct 31, 2020

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အထူးအလေးအမြတ်ထားကြသော နေ့တစ်နေ့ဖြစ် ပါသည်။ မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားကို အကြောင်းပြုကာ အဘိဓမ္မာခုနစ်ကျမ်းကို

ဆက်လက်ဖတ်ရှုရန်

Oct 30, 2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၃၀-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

(၂၉-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၃,၄၉၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ်(၁,၀၉၃) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၃၀-၁၀-၂၀၂၀) ရက်နေ့၊ ည (၇:၀၀)နာရီ

(၂၉-၁၀-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင်တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၃၃၁) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

#Ministry of Health and Sports, Myanmar

ဆက်လက်ဖတ်ရှုရန်

Oct 30, 2020

အောက်တိုဘာ (၃၁)ရက်တွင် ကျရောက်မည့် World Cities Day (2020) အခမ်းအနားကို ကမ္ဘာတစ်ဝန်းတွင် Event ပေါင်း(၅၀၀)ကျော်ဖြင့် Online မှ ကျင်းပမည် ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ World Cities Day ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် UN – Habitat တို့ ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်အဖြစ် Virtual Event ကို  ယနေ့ မွန်းလွဲ ၂ နာရီတွင် Online ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2020

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ဇနီး ဒေါက်တာယုယုမေတို့သည် ယနေ့ နံနက်ပိုင်းက အမရပူရမြို့နယ် အိုးတော်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကြိုတင်ဆန္ဒမဲပေးကြခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2020

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားနေသောကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီနိုင်ရန်တနင်္သာရီတိုင်းဒေသကြီးမှ တတိယအကြိမ် သွားရောက်မည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2020

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် သည် ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ လိုက်ပါ၍ ယနေ့နံနက်(၈)နာရီက ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ရွှေဘိုမြို့နယ် သီးလုံး၊ နှမစားရစ်၊ ဆိပ်ခွန်၊ ဇီးဖြူကုန်း၊ ချီပါ နှင့် မင်းကုန်း စသည့်ကျေးရွာ(၆)ရွာရှိ မဲရုံများတွင် အသက်(၆၀)နှစ်နှင့် အထက်မဲဆန္ဒရှင်ပြည်သူများ စိတ်ချမ်းမြေ့  လုံခြုံစွာ ကြိုတင်ဆန္ဒမဲပေး နေမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2020

သစ်တောဦးစီးဌာနသည် အင်းလေးကန် ရေဝေရေလဲထိန်းသိမ်းရေးစီမံကိန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မှစတင်၍ ၂၀၄၉-၂၀၅၀ ဘဏ္ဍာနှစ်အထိ နှစ် ၃၀ စီမံကိန်းချမှတ်ဆောင်ရွက်သွားမည်ဖြစ်ရာ ပထမ(၁၀)နှစ် စီမံကိန်းဖြစ်သည့် ၂၀၂၀-၂၀၂၁ ခုနှစ်မှ၂၀၂၉-၂၀၃၀ ခုနှစ်အထိ ပထမ(၁၀)နှစ်စီမံကိန်းဆောင်ရွက်မည့် အစီစဉ် များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ သစ်တောဦးစီးဌာနက ရှင်းလင်းတင်ပြခြင်းကို ယမန်နေ့က (virtual) Online စနစ်ဖြင့် ဆောင်ရွက်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2020

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ယနေ့နံနက်ပိုင်းက ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ One State One Township Project စီမံချက် ဖြင့် ဂွမြို့ပေါ် ရပ်ကွက်များ မြေငှားဂရန်ထုတ်ပေးခြင်း နှင့် ပြန်လည်စွန့်လွှတ်မြေများ မူလပိုင်ရှင်များထံ ပေးအပ် ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်