Nov 04, 2020
ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့် တစ်ချိန်တည်းတွင် အခြားသဘာဝဘေး အမျိုးမျိုး တို့ကို လည်း ရင်ဆိုင်ကြုံတွေ့နေရသည်ကိုတွေ့ရသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် နိုင်ငံအချို့တွင် မိုးခေါင်၊ ရေကြီး၊ မုန်တိုင်း၊ မြေပြို၊ စသည့်သဘာဝဘေးများ ကပ်ရောဂါနှင့် အတူ တစ်မျိုးမဟုတ်တစ်မျိုးဖြစ်နေရာ ပြည်သူ များ မည်မျှဒုက္ခဆင်းရဲရောက်ကြ ရသည်ကို ခန့်မှန်းကြည့်နိုင်သည်။
Nov 04, 2020
အနုပါဒေါ၊ အနုပဃာတော။ သူတစ်ပါးကို မကဲ့ရဲ့ အပြစ်မတင်ရာ၊ သတ်ပုတ် မညှဉ်းဆဲ ရာ။ (ဓမ္မပဒ ဗုဒ္ဓဝဂ်)။ ပုထုဇဉ်လူသားတို့သဘာဝအမှားအယွင်းမကင်းကြ၊ လူတို့၏ ရင့်ကျက်မှုနှင့် ပညာပါရမီပေါ်မူတည်၍ ချို့က အပြစ်ကို ဖန်တလဲလဲရင်း အပြစ်နွံထဲက လွတ်ကင်းနိုင်ဘဲ နောင်တတစ်ဖန်ပူပင်ခြင်းများဖြင့် အကျိုးမဲ့စွာ နေ၏။ အချို့က မိမိအပြစ်မှ လွတ်ကင်းရေးကို အားထုတ်၏။ အချို့က အခြားသူ တစ်ပါးကို အပြစ်ရှာရင်း မိမိ အတွက် အမြတ်ထုတ်ရန် ကြိုးစာ၏။ အချို့က အမှားအယွင်းကို လက်ခံကာ မိမိ၏အပြစ်ကိုဝန်ခံ၏။ ထို့နောက် အမှားအယွင်း၏ ရင်းမြစ်ကိုသိအောင်ကြိုးစားကာ အမှားကို ပြင်ဆင်ရန် ကြိုးစာ၏။
Nov 03, 2020
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထား ခြင်းကြောင့် ပြည်ပ၌ အခက် အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီစဉ်သည့် (၂၉) ကြိမ်မြောက် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ် ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၂၀ ၀၀) နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြပါ သည်။ အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် တောင်အာဖရိကမှ (၂) ဦး၊ ကနေဒါမှ (၂) ဦး၊ ဘရာဇီးလ်မှ (၃) ဦး၊ ဗြိတိန်မှ (၃)ဦး၊ အင်ဒိုနီးရှားမှ (၂) ဦး၊ အမေရိကန် ပြည်ထောင်စုမှ (၁၀) ဦး နှင့် ကိုရီးယားသမ္မတနိုင်ငံမှ (၈၁) ဦး၊ မြန်မာ နိုင်ငံသား စုစုပေါင်း (၁၀၃) ဦး လိုက်ပါခဲ့ကြပါသည်။
Nov 03, 2020
(၂-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၃,၆၄၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ်(၁,၁၉၇)ဦး တွေ့ရှိရပါသည်။
Nov 03, 2020
၁။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသက် ၆၀ နှစ် နှင့်အထက် အသက်အရွယ်ရှိ မဲဆန္ဒရှင်များထံမှ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများသည် သတ်မှတ်ချက်များနှင့် အညီ ကြိုတင်ဆန္ဒမဲများ ရယူလျက် ရှိပါသည်။
Nov 03, 2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှ စ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲ မှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
Nov 03, 2020
Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးတွင် အသုံးပြုရန်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ထံသို့ ထိုင်းနိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌ Mr. Chuan Leekpai က ဧပြီ ၂၄ ရက်တွင် နှာခေါင်းစည်း(Mask) (၂၀၀၀)ကိုလည်းကောင်း၊ ထိုင်းနိုင်ငံ၊ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Suchart Tonjaroen က ဇွန် ၂၆ ရက်တွင် နှာခေါင်းစည်း(Mask) (၆၀၀၀၀)နှင့် အောက်တိုဘာ ၂၉ ရက်တွင် နှာခေါင်းစည်း(Mask) (၃၀၀၀၀၀) တို့ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကိုယ်စား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးမြင့်သန်းက လက်ခံရယူခဲ့သည်။
Nov 03, 2020
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အခမဲ့ဖျားနာရောဂါကုသရေးဆေးခန်း (Fever Clinic) အသစ်ကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ ၆၂ လမ်း၊ ၃၃ လမ်းနဲ့ ၃၄ လမ်းကြားရှိ ဗြဟ္မစိုရ်လူမှု ကူညီရေးအသင်း ( မန္တလေး ) ဝင်းအတွင်း ဖွင့်လှစ်ခဲ့သည်။
Nov 03, 2020
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၃ ရက် နံနက်ပိုင်းက မှော်ဘီနှင့် ထန်းတပင်မြို့နယ်များရှိ ဓာတ်အားခွဲရုံများအား ဖွင့်လှစ်ပေးကြသည်။
Nov 03, 2020
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ အတ္ထရံမြစ်ကူးတံတား(စံပယ်ဂူ)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇နာရီက အဆိုပါတံတားပေါ် ရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 03, 2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ကချင်ပြည်နယ် တာဝန်ခံတို့သည် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းကိစ္စရပ်များနှင့် ပတ်သက်၍ ယမန်နေ့ နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး၊ မလိခခန်းမ၌ တွေ့ဆုံသည်။
Nov 03, 2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်နှင့်လမ်းညွှန်မှု၊ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းက တည်ဆောက်လျက်ရှိသည့် ကိုဗစ်-၁၉ လူနာများအား ကုသပေးမည့် ဧရာဝတီ စင်တာ(မန္တလေး) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် လာရောက်ကြည့်ရှုခဲ့သည်။
Nov 03, 2020
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲပေး ပိုင်ခွင့် ရှိသူများအနေဖြင့် အောက်တိုဘာ ၂၉ ရက်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲ ပေးလျက်ရှိကြသည်။
Nov 03, 2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီး ဌာနက ကြီးကြပ်၍ ကမ်းဝေး ငါးဖမ်း သင်္ဘာများ အချိန်မီပင်လယ်ပြင်ထွက် နိုင်ရေးအတွက် ကမ်းရိုးတန်းတိုင်း ဒေသကြီးဖြစ်သော ရန်ကုန်၊ တနင်္သာရီ၊ ဧရာဝတီနှင့် မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်တို့မှ ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများသည် သီတင်းကျွတ် ရုံးပိတ်ရက်များတွင် ငါးဖမ်းစက်လှေ များသို့သွားရောက်၍ ငါးဖမ်း၊ ငါးသယ် ရေယာဉ်များတွင် တပ်ဆင်ထားသော တည်နေရာ သတင်းအချက် အလက်ပေးပို့သည့် VMS စက်များ ဖြုတ်ခြင်း၊ တပ်ခြင်း၊ ပြောင်းရွှေ့ တပ်ဆင်ခြင်း များ လုံးဝ(လုံးဝ) မပြုလုပ်စေရေး ညွှန်ကြားချက်နှင့်အညီ ကမ်းဝေး ငါးဖမ်းလှေများ၏ VMS များအား ချိပ် တံဆိပ်ကပ်နှိပ်ခြင်း ဆောင်ရွက် လျက်ရှိသည်။
Nov 03, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ် များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ကိုရီးယား သမ္မတနိုင်ငံ၌ စာချုပ်သက်တမ်းကုန်ဆုံး၍ အခက် အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသား များအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် Dragon Tun ကုမ္ပဏီ တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) စင်းလုံးငှား ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင် ခဲ့ရာ ယနေ့ ည ၈ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။
Nov 03, 2020
ဒီမိုကရေစီသည် အများပြည်သူဆန္ဒကို ဦးစားပေးသည့် စနစ်ဖြစ်သည်။ ပြည်သူများ၏ဆန္ဒ နှင့်အညီ ဦးစားပေးဆုံးဖြတ်သည့်နိုင်ငံရေးစနစ်ဖြစ်သည်။ ထို့ကြောင့် ပြည်သူများ၏ဆန္ဒဖြင့် ရွေးချယ်တင် မြှောက်သည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲများကိုပြဋ္ဌာန်းထားသော စည်းကမ်း ဥပဒေပါ အတိုင်း စနစ်တကျကျင်းပကြသည်။ ။
Nov 03, 2020
သမိုင်းသင်တာ မအ အောင်လို့ ဟူသည့် သမိုင်းပါမောက္ခ ဆရာ ကြီး ဒေါက်တာသန်းထွန်း၏ စကားသည် မြန်မာနိုင်ငံ၌ ကျော်၏။ သမိုင်းကို ဂဃနဏ သိပါမှ ပစ္စုပ္ပန်ကို ခြေခြေမြစ်မြစ် နားလည် နိုင်မည်။ ပစ္စုပ္ပန်ကို ကျကျနန နားလည်ပါမှ အနာဂတ်အတွက် ပြင်ဆင်နိုင်မည် မဟုတ်ပါလား။ ။
Nov 02, 2020
(၁-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၂,၂၂၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ်(၁,၂၀၂)ဦး တွေ့ရှိရပါသည်။
