ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးလုပ်ငန်းသည် လွန်ခဲ့သောအနှစ် ၂၀ ကျော်ကာလ အတွင်း ပုံမှန်ဖွံ့ဖြိုးတိုးတက် လျက်ရှိသည်။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ရိုက်ခတ်မှုများရှိခဲ့လင့်ကစား လွန်ခဲ့သော ၂၅ နှစ်အတွင်း နေ့စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဒေါ်လာ အောက်၌သာရရှိသော ပြည်သူအရေအတွက်သည် သိသိသာလျော့နည်း ကျဆင်း လာကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားရှိသည်။
ဆင်းရဲမွဲတေမှုနှုန်း ပြန်လည်မြင့်တက် ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင် နှုန်းအောက်လောက်သာ အလွန်အမင်း ဆင်းရဲ မွဲတေသည့် အခြေအနေတွင်ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် တွင်လည်း ဆင်းရဲမွဲတေမှုနှုန်း ဆက်လက်လျှော့ ချသွားနိုင်မည်ဟု ကမ္ဘာ့ခေါင်းဆောင်များက မျှော်မှန်းခဲ့ကြသည်။ သို့သော် ကိုဗစ်- ၁၉ ကပ် ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ကမောက် ကမဖြစ်ပေါ်ခဲ့သဖြင့် ဆင်းရဲမွဲတေမှုနှုန်း ပြန်လည် မြင့်တက်လာခဲ့သည်။ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက် အရကိုဗစ်-၁၉ ရောဂါကြောင့်၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်း၌အလွန်အမင်းဆင်းရဲမွဲတေသူ ၁၂၄ သန်းရှိခဲ့ကြောင်းနှင့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် လည်း ၃၉ သန်း ထပ်မံတိုးတက်လာဖွယ်ရာ ရှိကြောင်းဖော်ပြထားရှိသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရန်သည် ကိုဗစ်- ၁၉ ကပ်ရောဂါကို မည်သို့မည်ပုံ ကာကွယ်ထိန်းချုပ်သွားမလဲဆိုသော အချက်အပေါ်တွင် လုံးလုံးလျားလျား တည်မှီ လျက်ရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကို ထိရောက်စွာ ထိန်းချုပ်နိုင်သော နိုင်ငံများသည် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများကို လျှော့ချနိုင်မည် ဖြစ်သည်။ ရောဂါ ကူးစက်ပျံ့နှံ့မှု ကာလကြာရှည် လာသည်နှင့်အမျှ စီးပွားရေး ပြန်လည်ဦးမော့လာရေးအတွက် အချိန် ကာလအတန်ကြာယူကြရဦး မည်ဖြစ်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံအချို့သည် လက်ရှိအချိန်အထိ ပြည်သူများကိုကာကွယ်ဆေးအပြည့်အဝ ထိုးနှံပေး နိုင်ခြင်း မရှိသေးသောကြောင့် ရောဂါကာကွယ် နိုင်ရေးအခွင့်အလမ်း နည်းပါးလျက်ရှိသည်။ ထို့ကြောင့် ၂၀၃၀ ပြည့်နှစ်ခန့်တွင် အလွန်အမင်း ဆင်းရဲမွဲတေသူ ၂၀၇ သန်းကျော်ထိ ရှိလာနိုင်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက သတိပေး ထားသည်။ လက်ရှိအခြေအနေသည် အလွန်အမင်း ဆင်းရဲမွဲတေနေကြသည့် ပြည်သူများအတွက် ခက်ခဲကြမ်းတမ်းသောကာလပင်ဖြစ်သည်။ ကိုဗစ်၁၉ ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းလူတန်းစားညှိမည်ဟုဆိုသော်လည်းလက်တွေ့တွင်မူ ဆင်းရဲ မွဲတေသူများနှင့် ထိခိုက်လွယ်အုပ်စုများကို ပိုမို ထိခိုက်နစ်နာစေလျက်ရှိသည်။
ထိုသို့သောအခြေအနေများတွင် ဖွံ့ဖြိုးဆဲနိုင်ငံ များအနေဖြင့် ကူညီထောက်ပံ့မှုရရှိရန်နှင့် ပြည်သူ များအား စိတ်ဓာတ်မြှင့်တင်နိုင်ရန်အတွက် အခြားသောနိုင်ငံများ၏ အကူအညီရယူသွားသင့် ပါသည်။ အဆိုးရွားဆုံး အခြေအနေကို မည်သို့ပင်ရောက်ရှိ နေသည့်တိုင်အောင် ကပ်ရောဂါ ကျော်လွှားနိုင်ရေး နှင့်ဆင်းရဲတွင်းမှ လွတ်မြောက်ရေးအတွက် နည်းလမ်း များရှိနေဆဲပင်ဖြစ်သည်။ တရုတ်နိုင်ငံ၏ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး အလွန်အမင်းဆင်းရဲမွဲတေမှု တိုက်ဖျက်ရာတွင် တရုတ်နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို “ဖွံ့ဖြိုးဆဲနိုင်ငံအချို့သည် လက်ရှိအချိန်အထိ ပြည်သူများကိုကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးနိုင်ခြင်းမရှိသေးသောကြောင့် ရောဂါကာကွယ် နိုင်ရေးအခွင့်အလမ်း နည်းပါးလျက် ရှိသည်။ ထို့ကြောင့် ၂၀၃၀ ပြည့်နှစ်ခန့်တွင် အလွန်အမင်း ဆင်းရဲမွဲတေသူ ၂၀၇ သန်းကျော်ထိ ရှိလာနိုင်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက သတိပေး ထားသည်။ လက်ရှိ အခြေအနေသည် အလွန်အမင်းဆင်းရဲမွဲတေနေကြသည် ပြည်သူများ အတွက် ခက်ခဲ ကြမ်းတမ်းသော ကာလပင်ဖြစ်သည်” လေ့လာသွားသင့်သည်။ တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်၁၉ ကပ်ရောဂါထိန်းချုပ်ရာတွင် အောင်မြင်မှုများ ရရှိနေသော်လည်း အခြားသော စိန်ခေါ်မှု များကို ရင်ဆိုင်နေရဆဲပင်ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသည် တိုင်းပြည် ထူထောင်ခဲ့သည့် ၁၉၄၉ ခုနှစ် မှစ၍ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင် အထည်ဖော်ဆောင်ရွက် ခဲ့သည်။ တရုတ်နိုင်ငံ၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ တရုတ်နိုင်ငံ၏ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး နှင့်စပ်လျဉ်း၍ မကြာသေးမီက စက္ကူဖြူစာတမ်း တစ်စောင် ထုတ်ပြန်ခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ် များတွင် တရုတ်နိုင်ငံ ကျေးလက်ဒေသရှိ ပြည်သူများသည် ဆင်းရဲမွဲတေမှု နက်ရှိုင်းခဲ့သည်။ ထိုစဉ်က တိုင်းပြည် လူဦးရေသန်း ၇၇၀ ခန့်သည် ဆင်းရဲ မွဲတေခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ နည်းပါးသောကြောင့်ပင်ပန်းကြမ်းတမ်းစွာရုန်းကန် ခဲ့ကြရသည်။ သို့သော် ဆယ်စုနှစ်လေးခုကျော် ကာလအတွင်း တရုတ်နိုင်ငံသည် ပြည်သူများ၏ ကံကြမ္မာကို ပြောင်းလဲနိုင်ခဲ့သည်။ ပြည်သူများအား အလွန်အမင်းဆင်းရဲမွဲတေသည့်ဘဝမှ ဆွဲထုတ်နိုင်ခဲ့ သည်။ တိုင်းပြည်တစ်နံတစ်လျားတွင် ဆင်းရဲမွဲတေမှု ပပျောက်ရေးအစီအစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်ခဲ့သည်။ အခြေခံ အဆောက်အအုံများ၊ အဝေးပြေးလမ်းများ၊ မြန်နှုန်းမြင့်ရထားလမ်းများ၊ ဒစ်ဂျစ်တယ်နှင့် အင်တာနက်လိုင်းများ တပ်ဆင်တည်ဆောက်ကာ ခရီးသွားလုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများ မြှင့်တင်ခဲ့သည်။ ထို့အပြင် အိမ်ရာနှင့် အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးခဲ့သည်။ အခြေခံလူတန်းစားများအတွက် ပညာရေးနှင့်လူမှု ရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးခဲ့သည့်အပြင် သက်ကြီးရွယ်အိုများ အတွက်လည်း ဆေးရုံများနှင့် ဂေဟာများ တည်ဆောက်ပေးခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် အလွန်အမင်း ဆင်းရဲမွဲတေသူ အရေအတွက်ကို လုံးလုံးလျားလျား လျှော့ချနိုင်ခဲ့သည်။
ဆင်းရဲမွဲတေမှုအလွန်အမင်း ဖြစ်ပေါ်နေသည့် အခြေအနေမှ လွတ်မြောက်အောင် ရုန်းထွက်နိုင်ကြောင်းကို တရုတ်နိုင်ငံ၏ အတွေ့ အကြုံက သက်သေပြလျက်ရှိသည်။ သို့သော် တရုတ်နိုင်ငံ၏ ဆင်းရဲမွဲတေမှုပပျောက်ရေးနည်းလမ်းများဖြင့် အခြား နိုင်ငံများတွင် အစားထိုး အကောင် အထည်ဖော် နိုင်လိမ့်မည်မဟုတ်ချေ။ တရုတ်နိုင်ငံ၏ နိုင်ငံရေးစနစ်၊လူမှုရေးနှင့် ယဉ်ကျေးမှု သမိုင်းကြောင်းတို့သည် အခြားနိုင်ငံများနှင့် လုံးလုံးလျားလျားကွဲပြား ခြားနားလျက်ရှိသည်။ ကိုဗစ်- ၁၉ ကပ်ရောဂါနှင့် ဆင်းရဲမွဲတေမှုပပျောက်ရေး ထို့အပြင် တရုတ်နိုင်ငံသည် အခြားဆင်းရဲ တွင်းနက်နေသော နိုင်ငံများကဲ့သို့ ပြည်ပကြွေးမြီ မရှိပေ။ ပြည်ပကြွေးမြီသည် အခြေခံအဆောက် အအုံများ အကောင်အထည်ဖော်ရာတွင် ကြီးမားသော အတားအဆီး တစ်ရပ်ပင်ဖြစ်သည်။ ကြွေးမြီ ကင်းရှင်းသည့် နိုင်ငံများသည်ပင်လျှင် တရုတ်နိုင်ငံ ကဲ့သို့ အကောင်အထည်ဖော်နိုင်မည် မဟုတ်ချေ။ ရေကြီးရေလျှံခြင်း၊ မြေငလျင်လှုပ်ခတ်ခြင်း၊ ဘဏ္ဍာ ရေးအကျပ်အတည်းဖြစ်ပေါ်ခဲ့ခြင်းနှင့် ကိုဗစ် - ၁၉ ကပ်ရောဂါသည်ပင်လျှင် တရုတ်နိုင်ငံ၏ ကြိုးပမ်း အားထုတ်မှုများကို လွဲချော်မှုဖြစ်ပေါ်ခြင်း မရှိချေ။ ထို့ကြောင့် အခြားနိုင်ငံများအနေဖြင့်လည်း ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ဆင်းရဲမွဲတေမှု ပပျောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့် ကြာမှုမဖြစ်ပေါ်အောင် ကြိုးပမ်း ဆောင်ရွက်သွား သင့်ပါသည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် သမိုင်းကြောင်း တစ်လျှောက် တွင်အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည့်အရာများကို ပြန်လည်ဖော်ဆောင် သွားရန် လိုအပ်သည်။ သာဓကအနေဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများသည် ကြွေးမြီလျှော်ပစ်ရန်အတွက် ကမ္ဘာ့ဘဏ်အား ကာလရှည်ကြာ စည်းရုံးသိမ်းသွင်းလျက် ရှိသည်။ မည်သို့ပင်ဆိုစေ ကမ္ဘာ့ဘဏ် အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီမံကိန်းများ တည်ဆောက် ရေးအတွက် ရန်ပုံငွေထောက်ပံ့ပေးလျက်ရှိသည်။
ကာကွယ်ဆေးများ၏ သက်ရောက်မှု ဖွံ့ဖြိုးဆဲနိုင်ငံများအား ကိုဗစ်- ၁၉ ကာကွယ် ဆေးထောက်ပံ့ ပေးခြင်းသည် ကပ်ရောဂါကာကွယ် ရေးအတွက် အကောင်းဆုံးနည်းလမ်းတစ်ရပ်ပင် ဖြစ်သည်။ ထို့ကြောင့် ဆင်းရဲချမ်းသာကွာဟမှု မြင့်တက်ခြင်းသည် ဆင်းရဲတွင်း နက်နေသောနိုင်ငံ များတွင် ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကာလရှည်ကြ ဖြစ်ပေါ်စေနိုင်ပါသည်။
ထို့ကြောင့်တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ဇွန်လမှစ၍ ဖွံ့ဖြိုးဆဲနိုင်ငံ ၇၇ နိုင်ငံသို့ ထုတ်ပေးထား သည့် ချေးငွေများ ပြန်လည်တောင်းခံရန် ဆိုင်းငံ့ ထားရှိသည့်အပြင် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေးများ လှူဒါန်းပေးလျက် ရှိသည်။ ထိုသို့အကူအညီများ ပေးအပ်ခြင်းသည်
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် နိုင်စွမ်းမရှိသည့် နိုင်ငံများအတွက် များစွာအထောက် အကူပြုစေမည်ဖြစ်သည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံ များအား အကူအညီများ ပေးအပ်ခြင်းသည် အနာဂတ် တွင်ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်းများအတွက် များစွာအထောက်အကူဖြစ်စေနိုင်ပါသည်။
မောင်သောင်းဝင်း(တမန်ဟောင်း)