Oct 18, 2021
နိုင်ငံတော်အတွင်း၌ ကိုဗစ် − ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လိုအပ်သည့်အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်အိုးခွံ၊ အိမ်သုံး အောက်ဆီဂျင်စက်နှင့် အခြားဆက်စပ်ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် အခြားဆက်စပ်ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင် ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာ၌ကုမ္ပဏီ လေးခုက ယာဉ်စီးရေ ၁၂ စီးဖြင့် PPE ဝတ်စုံ ၄၂၈၅ဝနှင့် နှာခေါင်းစည်း (Mask) ၆၆ တန် တင်သွင်းခဲ့သည်။
Oct 18, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ အား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။ ထိုသို့ထုတ်ပေးရာတွင် အောက်တိုဘာ ၁၇ ရက်၌ နယ်စပ်(ချင်းရွှေဟော်)တွင် ကုမ္ပဏီသုံးခုတို့မှ Mask ၃၈၈၉၅ Kg Syringe ၂၄၀၄၀ ခု၊ PPE ၄၂၈၀၅ ခု၊ Infusion ၃၆၃၆ ခု တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
Oct 18, 2021
၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လ ဘတ်ဂျက်ကာလအတွင်း ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး သရက်ကုန်း ငါးလုပ်ငန်းစခန်းဝင်းရှိ ရေချိုငါးမွေးမြူရေး သုတေသနနှင့် တိုးချဲ့ ပညာပေးရေးဗဟိုဌာန၌ အောက်တိုဘာ ၁၄ ရက်က ပြုလုပ်သည်။
Oct 18, 2021
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Oct 18, 2021
ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို နှစ်စဉ်ခံစား နေကြရသည်။ မြန်မာနိုင်ငံတွင် လည်း သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ကြုံတွေ့နေရသည်။ ယမန်နှစ်အထိ နှစ်စဉ်ရေကြီးရေလျှံမှု၊ မြေပြိုမှ၊ မိုးကြိုး မုန်တိုင်း၊ လေပြင်းဒဏ်များကို ကြုံတွေ့ ခဲ့ရသည်။ ယခုနှစ်တွင် ယခင်နှစ်များထက်စာလျှင် မြန်မာနိုင်ငံ၌ အနည်းဆုံးကြုံတွေ့ရသည်ကို တွေ့ရသည်။
Oct 18, 2021
မြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့်စပ်လျဉ်း၍ ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့တွင် အင်ဒိုနီးရှား နိုင်ငံ၊ ဂျကာတာမြို့၌ ပြုလုပ်ခဲ့သည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးအတွင်း သဘောတူညီခဲ့သည့် တူညီဆန္ဒ (၅) ရပ် အကောင်အထည်ဖော်မှုကို မြန်မာနိုင်ငံက အပြုသဘောဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ အောက်တိုဘာလ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် အဆိုပါ တူညီဆန္ဒ (၅) ရပ် အကောင်အထည်ဖော်မှုအရ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် အဖြစ်ခန့်အပ်ထားသည့် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) နှင့် ထိတွေ့ဆွေးနွေးမှုများ ပြုလုပ် ခဲ့သလို မြန်မာနိုင်ငံသို့ ၎င်းလာရောက်နိုင်ရေးအတွက်လည်း ပြင်ဆင်မှု၊ စီစဉ်မှုနှင့် လိုက်လျောမှု တို့ကို အတတ်နိုင်ဆုံး ပြုလုပ်ပေးခဲ့သည်။
Oct 17, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် -
Oct 17, 2021
ရာသီအလိုက်ထွက်ရှိသော ဟင်းသီးဟင်းရွက်များကို ရာသီစာအဖြစ် အလေးထား စားသုံးတတ်ကြသည့် မြန်မာ့ဓလေ့ထုံးတမ်းကို တိုးမြှင့်ဖော်ဆောင်ပေးနိုင်ရေး၊ အစာလည်းဆေး ဆေးလည်းအစာ စားသုံးမှုကျယ်ပြန့် လာစေရန်နှင့် မြန်မာ့ဆေးဘက်ဝင် အပင်များနှင့် ပတ်သက်သော ဗဟုသုတများ ဖြန့်ဝေပေးနိုင်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက နေပြည်တော် ပရဆေးဥယျာဉ်သို့ရောက်ရှိ စစ်ဆေးစဉ် တာဝန်ရှိသူများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
Oct 17, 2021
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့၊ နံနက်ပိုင်းတွင် ညောင်ရွှေမြို့ရှိ Namu International ကုမ္ပဏီလီမိတက်သို့ သွားရောက်၍ အင်းလေးကန်၌ အလေ့ကျပေါက်ရောက်နေသော ပိန်းပင်များကို အဆင့်(၉) ဆင့်ဖြင့် သန့်စင်ကာ ပိန်းရိုးအခြောက်များအဖြစ် ပြင်ဆင်ထုပ်ပိုးပြီး ကိုရီးယားသမ္မတနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိသည့် အခြေအနေများကို လေ့လာကြည့်ရှုသည်။
Oct 17, 2021
၂၀၂၁ ခုနှစ် ရုပ်ရှင် သက်ကြီးပူဇော်ပွဲတွင် အနုပညာရှင်ကြီးနှစ်ဦး ပြောကြားလိုက်သော စကားများအပေါ် ဝိုင်းဝန်း ဝေဖန် ထိုးနှက် တိုက်ခိုက်နေမှု အပေါ် များစွား စိုးရွံ့ပြီး စိတ် မကောင်း ဖြစ်ရကြောင်း ဝါရင့် အနုပညာရှင်တစ်ဦးမှ ပြောဆိုသည်။
Oct 17, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၁၅ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသမီး ၂ ဦးကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက် လာသူ အမျိုးသား ၂၅၇ ဦး၊ အမျိုးသမီး ၂၃၆ ဦး၊ စုစုပေါင်း ၄၉၃ ဦးတို့ကိုလည်း ကောင်း အသီးသီးလက်ခံခဲ့ကြသည်။
Oct 17, 2021
ကလေးများတွင် ဖြစ်ပွားတတ်သည့် ကိုဗစ်ရောဂါအကြောင်းနှင့် ကိုဗစ်၏နောက်ဆက်တွဲ ရောဂါတစ်မျိုးဖြစ်သည့် MIS-C (Multisystem Inflammatory Syndrome in Children) နှင့် ပတ်သတ်ပြီး သတိထားသင့်သည့် အကြောင်းအရာများကို ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန် ကလေးဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန် ဒေါက်တာစောသက်ခိုင်နှင့် ရန်ကင်းကလေး ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန် ဒေါက်တာရဲကျော် သူတို့က ဆွေးနွေးပြောကြားခဲ့သည်။
Oct 17, 2021
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီခွဲတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ်(၂)လမ်းနှင့် မြို့ပတ်လမ်းထောင့် မစိုချောင်းဘေး လဂွန်းပြင် ရေပေး ဝေရေး စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရန်ကုန် မြို့တော် ရေပေးဝေမှုဆိုင်ရာ အချက် အလက်များကို လည်းကောင်း၊ Nihon Suido Consultants Co., Ltd မှ တာဝန်ရှိသူက လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများကို လည်း ကောင်း၊ Authentic ZMG JV မှ တာဝန်ရှိသူက ဒဂုံမြို့သစ် လေးမြို့နယ်ရေပေးဝေရေးလုပ်ငန်း အား လည်းကောင်း ရှင်းလင်း တင်ပြကြရာ မြို့တော်ဝန်က လိုအပ်သည်များ မှာကြားသည်။
Oct 17, 2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ကူး(ဗလမင်းထင်)တံတား အမှတ်(၂)ပန္နက်တော်တင်မင်္ဂလာကို ယနေ့နေ့လယ်ပိုင်းတွင် ပြုလုပ်ရာ ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Oct 17, 2021
ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့် စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာ၀န်များ၊ ကျန်းမာရေး၀န် ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ် ငန်းများတွင် အထောက်အကူဖြစ် စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေး လျက်ရှိသည်။
Oct 17, 2021
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက သံတွဲမြို့လေဆိပ်၌ သံတွဲခရိုင် စီမံခန့်ခွဲရေးအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲရေး အဖွဲ့ဝင် များအားတွေ့ဆုံ၍ ပြန်ကြားရေး ဝန်ကြီးဌာနဝန်ထမ်းများနှင့် သတင်းမီဒီယာကိစ္စ၊ ပြည်သူလူထုအား အသိ ပညာပေးခြင်းလုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက် နိုင်ရေးကိစ္စများကို ဆွေးနွေးမှာကြားသည်။
Oct 17, 2021
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ယာယီရပ်နားထားခဲ့ရသည့် ရန်ကုန်ကော့သောင်း၊ ရန်ကုန်-ကလေး လေကြောင်းခရီးစဉ်များကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ယနေ့(အောက်တိုဘာ ၁၆ ရက်) တွင် စတင်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်းလိုင်းမှ သိရသည်။
Oct 17, 2021
“မပြောဘဲနေတာ ကြာလာတဲ့အခါ မစဉ်းစားဖြစ်ဖို့လည်း ပိုပြီးလွယ်လာတယ်” ဆိုတဲ့စကား အတိုင်း အမိနိုင်ငံအတွက် အဓိကလိုအပ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များသည် ရပ်တန့်နေ၍ မဖြစ်နိုင်ပါ။ ပြောနေ၊ ဆိုနေ၊ ညှိနှိုင်းနေမှ မည်ကဲ့သို့တိုးတက်အောင် ဆောင်ရွက်မည်ဆိုသည့် စဉ်းစားချက်၊ တွေးခေါ်ချက်များ သက်ဆိုင်ရာအဖွဲ့အစည်းများ၌ အစဉ်အမြဲ ကိန်းအောင်း နေမည်ဖြစ်ပါသည်” ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က NCA ချုပ်ဆိုခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပေးပို့သည့် သဝဏ်လွှာ၌ ပြောကြားခဲ့သည်။
Oct 17, 2021
ကိုဗစ်-၁၉ ရောဂါကြောင့် နေ့စဉ် ပျမ်းမျှသေဆုံးသည့်နှုန်းတွင် မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝန်းလုံး ပျမ်းမျှနှုန်းနှင့် အမေရိကန်၊ မလေးရှား၊ ယူကေ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့၏ ပျမ်းမျှနှုန်းများအောက် နည်းပါးလျက်ရှိသည်။ ကမ္ဘာတစ်ဝန်းလုံး လူဦးရေ တစ်သန်းတွင် ၀ ဒသမ၈၆ ဦး ကိုဗစ်-၁၉ ရောဂါကြောင့် နေ့စဉ် ပျမ်းမျှသေဆုံးလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ၀ ဒသမ ၅၈ ဦးသာရှိသည်။ အမေရိကန်ပြည်ထောင်စုတွင်မူ လူတစ်သန်း တွင် ကိုဗစ်-၁၉ ကြောင့် ၄ ဒသမ ၇၅ ဦး နေ့စဉ် ပျမ်းမျှသေဆုံး နေသည်။
