Skip to main content

သီတင်းကျွတ်လပြည့် နန်းမြို့ဆုတောင်းပြည့်ဘုရား၌ ဆီမီး ၅ဝဝဝ ကပ်လှူ

နေပြည်တော် အောက်တိုဘာ ၂၁

သီတင်းကျွတ်လပြည့် အဘိဓမ္မာ နေ့အဖြစ် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ဆီမီး ၅၀၀၀  ကပ်လှူပူဇော်ခြင်းနှင့် သီတင်းကျွတ်မီးထွန်းပွဲတော်ကို အောက်တိုဘာ ၂၁ ရက် ညပိုင်းတွင် မန္တလေးတိုင်းဒေသကြီး နန်းမြို့အတွင်းရှိ နန်းမြို့ဆုတောင်းပြည့် ဘုရား၌ ပြုလုပ်သည်။

ဦးစွာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အရာရှိ၊ စစ်သည်၊  မိသားစုများက ဆုတောင်းပြည့် ဘုရားဝင်းအတွင်း၌ ဆီမီး ၅၀၀၀ ကိုကပ်လှူထွန်းညှိပူဇော်ကြသည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆီမီးပူဇော်နေမှုများကို လိုက်လံကြည့်ရှု၍ အရာရှိ၊ စစ်သည်၊ မိသားစုများအားလိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်