နေပြည်တော် အောက်တိုဘာ ၂၁
အများပြည်သူ ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီအစဉ်များကို တင်ဆက်လျက်ရှိရာ “နဝရတ် ကိုးသွယ်အငြိမ့်” ဖျော်ဖြေပွဲကို အောက်တိုဘာ ၂၃ ရက် စနေနေ့ ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့် ပြသမည်ဖြစ်သည်။
ယင်းဖျော်ဖြေမှုကို စိုင်းလူမော်နှင့်အဖွဲ့ (ဆိုင်း)၏ တီးခတ်မှုနှင့်အတူ ခေါင်းဆောင်မင်းသမီး သိင်္ဂီအောင်၊ ရှေ့ထွက်မင်းသမီး အေးသဇင်မိုး၊ လူရွှင်တော်များဖြစ်ကြသည့် ပေါက်စီ၊ ညှပ်စိ၊ ရွှင်ပြုံးနှင့် ကောင်းဘွိုင်တို့ က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို အောက်တိုဘာ ၂၇ ရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲပိုင်း National News အစီအစဉ်အပြီးတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်