Skip to main content

အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျက်သိမ်း၍ လေလံတင်ရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန် ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဌာနပိုင် အဆောက်အအုံဟောင်းများ ဖျက်သိမ်း၍ လေလံတင်ရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လေလံတင်ရောင်းချရေးကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အမှာစကားပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိသူများ၏ အောင်ဆန်းအားကစားပြိုင်ဝင်း၏ သမိုင်းအကျဉ်း၊ တည်နေရာ၊ ဖျက်သိမ်းမည့် အဆောက်အအုံများ၊ လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီ ဖွဲ့စည်းထားရှိမှု၊ အဆောက်အအုံဟောင်းများနှင့် အားကစားဆိုင်ရာ အဆောက်အအုံများ စနစ်တကျ လေလံတင်ရောင်းချဖျက်သိမ်းနိုင် ရေး ဆောင်ရွက်ထားရှိမှု၊ ဌာနပိုင်အဆောက်အအုံဟောင်းများ လေလံတင်ရောင်းချနိုင်ရေးနှင့် ဆိုင်ခန်းများ ဖယ်ရှားရှင်းလင်းနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးမှု များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်