Sep 21, 2025
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ
Sep 21, 2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ မန္တလေးခရိုင် MEVM ဆိုင်ရာကြီးကြပ်မှုအဖွဲ့များ၊ နည်းပညာအထောက်အကူပြုအဖွဲ့များနှင့် ခရိုင်နှင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပထမအကြိမ်မဲစာရင်း ကပ်ထားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်များမဲရုံများသို့ သယ်ယူပို့ဆောင်နိုင်ရေးအတွက် စီမံဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။
Sep 21, 2025
စပျစ်သီးနှံစိုက်ပျိုးရန် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထား လာသောကုမ္ပဏီများမှ တာဝန်ရှိသူများအားတွေ့ဆုံ၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့်အညီ အသုံးပြုလုပ်ကိုင်နိုင်ရေး အသိပေးဆွေးနွေးခြင်းကို ယမန်နေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 21, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Sep 21, 2025
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ပင်းတယ၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံ နေကြာစိုက် သမဝါယမအသင်းသားတောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် မျိုးနှင့်သွင်းအားစုပေးအပ်ပွဲကို ယနေ့တွင် ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ကျင်းပသည်။
Sep 21, 2025
၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးခဲ့သော ရှင်သန်ဖြစ်ထွန်းမှုအားနည်းသည့် အပင်များနေရာတွင် ရတနာတန်းဝင်ကျွန်းပင်များ အစားထိုးစိုက်ပျိုးခြင်းနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဥတ္တရသီရိမြို့နယ်ရှိ ဗဟိုသင်တန်းကျောင်းဝင်း၌ကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Sep 21, 2025
စက်တင်ဘာ ၁၇ ရက် ည ၈ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရလွိုင်လင်မြို့ရပ်ကွက် (၂)အနီး လွိုင်လင်-တောင်ကြီးသွားကားလမ်း၌ တာချီလိတ်မြို့ပါလျှံ(၁)ရပ်ကွက် နေ အောင်ဇင်ဟိန်း (၃၉) နှစ် မောင်းနှင်ပြီး တာချီလိတ်မြို့ ပါလျှံ(၁)ရပ်ကွက်နေ မအဲနာ(၂၇)နှစ် လိုက်ပါလာသော HONDA CRV အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာယာဉ်ပေါ်မှ ၎င်းတို့နှစ်ဦး သယ်ဆောင်လာသည့် စိတ်ပြောင်းဆေးဝါး များဖြစ်သည့် HAPPY WATER ၂ ဒသမ ၄၉ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၁၁၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၇၃၉သိန်း) နှင့် ကတ်တမင်း ၆ ဒသမ ၄၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၈၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၅၄၈ ဒသမ ၂၅ သိန်း) တို့ကို ဖမ်းဆီးရမိသဖြင့် အောင်ဇင်ဟိန်းနှင့် မအဲနာတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သတင်းရရှိသည်။
Sep 21, 2025
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ တိရစ္ဆာန်အစာထုတ်လုပ်ရေးစက်ရုံများကို ကြည့်ရှုစစ်ဆေးပြီး အာဟာရနှင့် အရည်အသွေးပြည့်ဝသော တိရစ္ဆာန်အစာများတိုးမြှင့်ထုတ်လုပ်ရေး အကြံပြုဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
Sep 21, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Sep 21, 2025
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေနေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ (ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ကြသည်။
Sep 21, 2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိကျင်းပခဲ့သည့် ဒစ်ဂျစ်တယ်တရုတ်ယွမ်ငွေဆိုင်ရာ ဒစ်ဂျစ်တယ် Banking၊ ဆိုက်ဘာလုံခြုံရေးနှင့် Cloud Service များ ဆက်စပ်အစည်းအဝေးများဖြစ်သည့် ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုဆိုင်ရာ ဟွာဝေးကွန်ရက် ၂၀၂၅ အစည်းအဝေးများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
Sep 21, 2025
အိန္ဒိယနိုင်ငံတမီးလ်နာဒူပြည်နယ် Vellore မြို့ Vellore Institute of Technology (VIT) ၌ စက်တင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိကျင်းပခဲ့သော အဆင့်မြင့်ပညာကဏ္ဍမြှင့်တင်ရေးနှင့် ကျောင်းသား၊ ဆရာဖလှယ်ရေး နိုင်ငံတကာညီလာခံသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
Sep 21, 2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း (၇၆)နှစ်မြောက်နှင့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ်မြောက်ဂုဏ်ပြုခြင်း အနုပညာဖျော်ဖြေပွဲကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်။
Sep 21, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန မြန်မာစာအဖွဲ့ရုံး၌ မြန်မာစာအဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။
Sep 21, 2025
ရှမ်းပြည်နယ်မှ လေ့လာရေးခရီးလာရောက်ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၆ နာရီက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 21, 2025
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ယနေ့နံနက်ပိုင်းတွင် ဒလမြို့နယ်ဥပဒေရုံးသစ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ဥပဒေရုံးသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
Sep 21, 2025
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနဝန်ကြီး H.E. Mr. Wang Xiaohong ၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့၌ ကျင်းပပြုလုပ်သည့် (၈)ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး၊ လန်ချန်း-မဲခေါင်တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးနှင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်(၂၀၂၅)သို့ တက်ရောက်ခဲ့သည်။
Sep 21, 2025
တနင်္သာရီတိုင်းဒေသကြီးသည် ရေ၊ မြေ၊ သဘာဝကောင်းမွန်ပြီး စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများ တိုးတက်ထွန်းကားသော တိုင်းဒေသကြီးဖြစ်သည်။ ရေထွက်ကုန်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ပြီး ဆီအုန်းနှင့်ရော်ဘာ စက်မှုကုန်ကြမ်းပင်များ ကောင်းစွာဖြစ်ထွန်းသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထားဝယ်မြို့သို့ရောက်ရှိစဉ် ဒေသထွက်ကုန်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
Sep 21, 2025
မိမိတို့နိုင်ငံတွင် သဘာဝမှပေးထားသည့် အရင်းအမြစ်များ များစွာရှိပြီး အမှန်တကယ်အလုပ်လုပ်၍ အကျိုးရှိရှိ အသုံးချနိုင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အလုပ်လုပ်ကိုင်နိုင်ရေး အလုပ်အကိုင်ဖန်တီးပေးနိုင်ရမည်ဖြစ်ပြီး အမှန်တကယ်လည်း အလုပ်လုပ်ကြရန် လိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲ၏ တနင်္သာရီတိုင်းဒေသကြီး ခရီးစဉ်အတွင်း မြိတ်မြို့၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ “ အမှန်တကယ် အလုပ်လုပ်ရန် ” ဟူသောအချက်ကို သတိမူမိကြမည်ဖြစ်သည်။
Sep 20, 2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင်ရောက်ရှိနေသော နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၉ ရက် နေ့ (12th Beijing Xiangshan Forum) ဒုတိယနေ့ (နောက်ဆုံးနေ့) စုံညီအစည်းအဝေး တတိယပိုင်းနှင့် စတုတ္ထပိုင်း (3rd and 4th Plenary Session) တို့သို့ ဆက်လက်တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့ ညနေပိုင်းများတွင် ပေကျင်းအခြေစိုက် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်စက်မှုနည်းပညာဆိုင်ရာကုမ္ပဏီများသို့ သွားရောက်လေ့လာခဲ့ပြီး မောင်းသူမဲ့လေယာဉ်ထုတ်လုပ်မှုများ၊ လေကြောင်းနည်းပညာဆိုင်ရာပစ္စည်းများ၊ အီလက်ထရောနစ်စစ်ဆင်ရေးနှင့် လေကြောင်းရန်ကာကွယ်ရေးနည်းပညာဆိုင်ရာ စစ်လက်နက်ပစ္စည်းများကို လေ့လာကြည့်ရှုခဲ့ပြီး နည်းပညာပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများကို ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။