Mar 03, 2022
မိုးကုတ်မြို့နယ်တွင် ငွေကျပ် ၂၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Mar 03, 2022
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုသည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်တို့နှင့်အတူ မန္တလေးတောင်တော် စိမ်းလန်းစိုပြည်ရေးနှင့် ဘက်စုံမွမ်းမံပြုပြင်ရေးအတွက် ယနေ့နံနက်ပိုင်းက မဟာလောကမာရဇိန်ကုသိုလ်တော်ဂေါပကရုံးတွင် ဂေါကပဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် ဂေါပကအဖွဲ့ဝင်များ၊ မန္တလေးတောင်တော် ဂေါပကဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ဂေါပကအဖွဲ့ဝင်များအား တွေ့ဆုံသည်။
Mar 03, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၂၅ ဦး၊ အမျိုးသမီး ၇၅ ဦး၊ စုစုပေါင်း ၂၀၀ ဦးတို့ကို လက်ခံခဲ့ကြသည်။
Mar 03, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Mar 03, 2022
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ကြို့ပင်ကောက်မြို့ တရားရုံးအဆောက်အအုံသစ် မင်္ဂလာပန္နက်တော်တင် အခမ်းအနားသို့ ရောက်ရှိရာ မြို့နယ်တရားသူကြီးနှင့် တာဝန်ရှိသူတစ်ဦးက တရားရုံးသစ်တည်ဆောက်ရခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
Mar 03, 2022
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၁၈ နှင့် မိုင်တိုင် အမှတ် ၂၆၀ အကြားတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ မိတ္ထီလာ-နေပြည်တော်-တောင်ငူ မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်းဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။
Mar 03, 2022
နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICU)တွင် မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့ တက်ရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာကိုယ်စားလှယ်အဖွဲ့၏ ဆောင်ရွက်မှုကို ထောက်ခံအားပေးကြသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းကြီး (YMBA) (ဗဟို)မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရဟန်းရှင်လူပြည်သူများက ရန်ကုန်လေဆိပ်တွင် သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
Mar 03, 2022
မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICU) ၌ ၁၉၄၈ ခုနှစ် လူမျိုးတုံးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့က ဦးဆောင်၍ တက်ရောက်ဖြေရှင်းခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ပြည်သူများမှ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပြီး ပြည်သူများ၏ စကားသံများကို ဖော်ပြပေးလိုက်ပါသည်။
Mar 03, 2022
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
Mar 03, 2022
ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်၁ ရက် နံနက် ၁၀ နာရီခွဲတွင် ဘားအံမြို့ အမှတ်(၆) ရပ်ကွက်၊ စိန်စီမြလမ်းတွင် ဝင်းနိုင်ဦး(ခ) အရှည်ကြီး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၆၇ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၁၁ နာရီခွဲတွင် ဘားအံမြို့ အမှတ်(၄) ရပ်ကွက်၊ သုခမိန်လမ်း အိမ်အမှတ်(၄/၂၈၂) ရှိ သန်းဦး၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၆၀၀ ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၃ နာရီတွင် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စု ဘုရားငါးဆူ(မြောက်) ကျေးရွာအနီး မိတ္ထီလာ-တောင်ကြီး သွားကားလမ်းတွင် ထွန်းလှိုင်ဖြိုးကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၇၅၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီတွင် ဘုရားငါးဆူ(မြောက်) ကျေးရွာရှိ မခိုင်ရွှေစင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ ကိုလည်းကောင်း။
Mar 03, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း တရားမဝင်သစ်မျိုးစုံ ၁ဝ ဒသမ ၂၉၈၄ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၇၉,၆၅၂) နှင့် အဆိုပါသစ်များ တင်ဆောင်လာသော မော်တော်ယာဉ် သုံးစီး ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၁,၁၇၉,၆၅၂ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Mar 03, 2022
ခြိုးခြံချွေတာခြင်းသည် ကောင်းသောအလေ့အထဖြစ်သည်။ လူတစ်ယောက်၊ ဘဝတစ်ခု ချမ်းသာကြွယ်ဝမှုကို အထောက်အကူဖြစ်စေသော အလေ့အကျင့်တစ်ခု ဖြစ်သည်။ ခြိုးခြံချွေတာခြင်းနှင့် ပတ်သက်၍ မြန်မာပြည်ရှိ လူမျိုးခြားများ၏ အပြုအမူ အလေ့အထများအား ဥပမာပေးကြသည်ကို ကြားဖူးကြမည်ဖြစ်သည်။ လက်တွေ့တွင်လည်း ထိုလူမျိုးခြားအများစုသည် ချမ်းသာကြွယ်ဝသူများ ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။
Mar 03, 2022
မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံအမယ် တော်တော်များများ စိုက်ပျိုးဖြစ်ထွန်းသည်။ မြန်မာတို့မှာ မိရိုးဖလာအရ မြေပဲဆီနှင့် နှမ်းဆီတို့ကို အဓိကထား စားသုံးခဲ့ကြပြီး နောက်ပိုင်းတွင် နေကြာဆီကိုလည်း နှစ်နှစ်ခြိုက်ခြိုက် သုံးစွဲလာကြသည်။ သို့ရာတွင် ပြည်တွင်းစားသုံးဆီ ထုတ်လုပ်နိုင်မှုထက် ပြည်တွင်းဆီစားသုံးမှုက များစွာပိုလာခြင်းနှင့် ပြည်တွင်းမှ ထုတ်လုပ်သည့်ဆီက ဈေးနှုန်းမြင့်လာခြင်းတို့ကြောင့် ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီကို ပိုမိုစားသုံးလာခဲ့ကြရာမှ ပြည်တွင်းဆီဈေးကွက်တွင် စားအုန်းဆီက အဓိကနေရာကို သိမ်းပိုက်လွှမ်းမိုးသွားခဲ့ခြင်း ဖြစ်သည်။
Mar 02, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ကျွန်းလှမြို့နယ်တို့အတွင်းရှိ အချို့ကျေးရွာများ၌ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ခိုအောင်းနေထိုင်၍ အပြစ်မဲ့ဒေသခံပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်သတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများအား ဖောက်ခွဲမီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူလူထုနှင့် ခရီးသွားများအား အဓမ္မဆက်ကြေး တောင်းခံခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိကြောင်း ရိုးသားစွာ နေထိုင်လုပ်ကိုင် စားသောက်လိုသည့် တာဝန်သိပြည်သူအချို့က သတင်းပေးပို့လာခဲ့သဖြင့် အဆိုပါမြို့နယ်များ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိသည်။
Mar 02, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Mar 02, 2022
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့် ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့ တက်ရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြသည်။
Mar 02, 2022
နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်မှုကြောင့် ပြစ်ဒဏ်ကျခံလျက်ရှိသော အနုပညာရှင်များဖြစ်သည့် ပိုင်တံခွန်(သရုပ်ဆောင်)၊ လူမင်း(သရုပ်ဆောင်)၊ ပြေတီဦး(သရုပ်ဆောင်)၊ အိန္ဒြာကျော်ဇင်(သရုပ်ဆောင်)တို့အား အနုပညာဖြင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် ၎င်းတို့ကျခံရန်ရှိသည့် ပြစ်ဒဏ်များကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး ဝင်းမင်းသန်း(Beauty Blogger)အား ၎င်းကျခံလျက်ရှိသည့် ပြစ်ဒဏ်များအနက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ကျခံရန်ရှိသည့် ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းနှင့် ဒါရိုက်တာ ဝိုင်း အပေါ် အရေးယူထားသည့်ပြစ်မှုအား ပိတ်သိမ်းပေးခဲ့ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိပါသည်။
Mar 02, 2022
၂၀၁၉ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာသော မလေးရှားနိုင်ငံသား Fariz Azman Bin Zainul Azman (Passport No.A 36662046) သည် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရပြီး ယင်းပြစ်မှုဖြင့် အင်းစိန်အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိရာ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း ၎င်းအားကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
