Mar 18, 2022
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသည် ပြည်သူလူထုအား အရည်အသွေးပြည့်ဝ၍ လူတိုင်း လက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေရန် အတွက် ကျန်းမာရေးကဏ္ဍဆိုင်ရာ မူဝါဒများချမှတ်ပြီး ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင့် မွေးထုတ်ပေးလျက်ရှိပါသည်။
Mar 18, 2022
ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုးဝင်းတို့နှင့် အတူ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ကလောမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဆောင်များ၊ စာသင်ခန်းများနှင့် ကျောင်းဘောလုံးကွင်းကို ကြည့်ရှု စစ်ဆေး၍ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးနှင့် ကျောင်းဘောလုံးကွင်း အဆင့်မြှင့်တင်ရေး အတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးသည်။
Mar 18, 2022
ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။
Mar 18, 2022
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည်။ နိုင်ငံတွင် စိုက်နိုင်ပျိုးနိုင်၊ အသုံးချနိုင်သော မြေသယံဇာတ ပေါများကြွယ်ဝစွာ ရှိနေသည်။ နိုင်ငံလူဦးရေ၏ ၇၀ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး ကျေးလက်နေ ပြည်သူအများစုသည် စိုက်ပျိုးရေးဖြင့် အသက်မွေး ဝမ်းကျောင်းပြု လုပ်ကိုင်ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် လူဦးရေနှစ်စဉ် တိုးတက်နေသော်လည်း စားနပ်ရိက္ခာအတွက် လိုအပ်ချက်မရှိပေ။ ပိုလျှံသည်များကိုလည်း ပြည်ပသို့ပင် တင်ပို့နိုင်သည်။
Mar 18, 2022
နိုင်ငံတော်ကို ကာကွယ်ရန်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူကိုကာကွယ်ရန်မှာ တပ်မတော်၏တာဝန်ဖြစ်သည်။ ဤတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် တပ်မတော်သည် စွမ်းရည်မြင့်မားသည့် တပ်မတော် ဖြစ်ရန်လိုသည်။ မိမိတို့နိုင်ငံ၏ ပထဝီနိုင်ငံရေး အနေအထားနှင့် မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံရေး အခြေအနေအရပ်ရပ်တို့ကလည်း နိုင်ငံတော်၏ ကာကွယ်ရေး စွမ်းပကားဖြစ်သည့် တပ်မတော်ကို အင်အားတောင့်တင်း ခိုင်မာစေရန်နှင့် စွမ်းဆောင်ရည်မြင့်မားစေရန် မြှင့်တင်ရေးကို တောင်းဆိုလျက်ရှိပြီဖြစ်သည်။
Mar 17, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Mar 17, 2022
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက် ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်း များအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် အခြားဘာသာရေး ဆိုင်ရာ အဆောက်အဦများကိုပါ မီးရှို့ဖျက်ဆီးခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် မိုင်းထောင် ဖောက်ခွဲခြင်းတို့ကို စိတ်နှလုံးညှိုးနွမ်းဖွယ်ရာ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိလာရသည်။
Mar 17, 2022
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ပြည်သူလူထုများအကြား စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေရန်၊ အုပ်ချုပ်ရေးယန္တရားများ ရပ်တန့်စေရန်နှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ အဖျက်အမှောက်လုပ်ငန်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ခြင်းများကို ကျူးလွန်လုပ်ဆောင်လျက် ရှိသည်ကို တွေ့ရှိရပါသည်။
Mar 17, 2022
အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများ ဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများ အနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့် အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်း ပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက် ခြိမ်းခြောက်ခြင်းများနှင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်ခြင်းများကို ပြုလုပ် လျက်ရှိသည်ကို တွေ့ရှိလာရသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၇-၃-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Mar 17, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Mar 17, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး H.E. Mr. Saud bin Abdullah AI-subaie သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။
Mar 17, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန၊ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဦးကိုကိုလှိုင်တို့ ကြီးမှူး၍ ဝန်ထမ်းများက ပျဉ်းမနားမြို့၊ ရတနာမှန်ကျောင်း ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိလာသ ဦးဆောင်သော သံဃာတော်(၅)ပါးအား အရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းကြသည်။
Mar 17, 2022
ပြင်ဦးလွင် ကော်ဖီစီမံကိန်း အကောင်အထည်ဖော်မှု ကွင်းဆင်းစစ်ဆေးချက် အစီရင်ခံစာများအပေါ် ပြန်လည်စိစစ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Mar 17, 2022
ဖားကန့်မြို့နယ်တွင် ငွေကျပ်သိန်း ၇၇၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Mar 17, 2022
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ ဆရာတော်၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ပဲခူးမြို့ ဗုဒ္ဓအသံ ဓမ္မဗိမာန်တော်ကြီး၌ ကျင်းပသည်။
Mar 17, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ် မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၂၄ ဦး၊ အမျိုးသမီး ၇၄ ဦး စုစုပေါင်း ၁၉၈ ဦးတို့ကို လက်ခံခဲ့ကြသည်။
Mar 17, 2022
၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့ မဟာဗိမာန်တော်ကြီး၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြသည်။
Mar 17, 2022
ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး 19 th ASEAN Chiefs of Defence Forces Meeting (ACDFM-19) သို့ တက်ရောက်မည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ယနေ့ညပိုင်းတွင် ဖနောင်ပင်မြို့ Sokha Hotel ၌ ကမ္ဘောဒီးယား ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် GeneralvONG PISEN က တည်ခင်းဧည့်ခံသည့် ကြိုဆို ညစာစားပွဲအခမ်းအနားသို့ တက်ရောက်သည်။
Mar 17, 2022
ပြည်သူလူထု နေ့စဉ်နေထိုင်မှုလူမှုဘဝတွင် စားရေး၊ ဝတ်ရေး၊ နေရေး အရေး သုံးပါးသည် အရေး အကြီးဆုံးဖြစ်သည်။ ထိုအရေးသုံးပါးတွင် စားရေး၊ နေရေးသည် ပို၍အရေးကြီးပြီး စားစရာရှိပြီး နေစရာမရှိသောဘဝ၊ နေစရာရှိပြီး စားစရာမရှိသော ဘဝများမဖြစ်ရအောင် နိုင်ငံတော်အစိုးရအနေဖြင့် လည်းကောင်း၊ မိမိတို့ကိုယ်တိုင် အနေဖြင့်လည်းကောင်း အလေးထားဦးစားပေးဆောင်ရွက် နေကြရမည်ဖြစ်သည်။
Mar 17, 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်သစ်ကို လာမည့်ဧပြီလမှ စတင်၍ နောက်နှစ်မတ်လအထိ အကောင်အထည်ဖော်ဆောင်ရွက်တော့မည်ဖြစ်သည်။ ဘဏ္ဍာရေးနှစ် တစ်နှစ်တာအတွက် ရေးဆွဲထားသည့် အမျိုးသားစီမံကိန်းလျာထားချက်များကို အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများက ကဏ္ဍအလိုက် တာဝန်ယူကြရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ ကဒေသအလိုက် တာဝန်ယူကြရမည်ဖြစ်သည်။ စီမံကိန်းလျာထား ချက်များအတိုင်း အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် တာဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းသွားကြရမှာလည်းဖြစ်သည်။
