Skip to main content

Mar 16, 2022

ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်၍ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပ စဉ်ကာလအတွင်း ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ကျန်းမာရေး ဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇော်ဝင်း၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကုသရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

(၁၉)ကြိမ်မြောက်အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအ ဝေး (19th ASEAN Military Intelligence Meeting-AMIM-19)ကို ယနေ့နံနက်ပိုင်း တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင် မြို့ရှိ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

(၁၂)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး 12th ASEAN Military Operation Meeting (12th AMOM) ယနေ့နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်း၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

ကမ္ဘောဒီးယားနိုင်ငံတွင် ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စား လှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း နှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ဗိုလ်မှူးချုပ် သူရလှမင်း တို့လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယား အထူးတပ်ဖွဲ့ Special Forces Command သို့ သွာရောက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသား စီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

တပေါင်းလ၏ သဘာဝအလှကို ရှေးစာဆိုတို့က မြတ်နိုးနှစ်သက် လှစွာဖြင့်ဖွဲ့ဆိုခဲ့ကြသည်။ ပူသောရာသီတွင် အအေးဓာတ် ကလည်း ပျောက်မသွားသေး။ ကောင်းကင်သည် ကြည်လင်၍ သစ်ပင်သစ်တောတို့တွင် ရွက်သစ်နု ပုရစ်ဖူးတို့ဖြင့် အလှဆင်ထား သည်။ မြန်မာတို့က တပေါင်းကို လအားလုံးတွင် အသာယာဆုံး လဟု ရှုမြင်ခံစားကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

ပြည်သူများသည် တည်ငြိမ်အေးချမ်းမှုကို လိုလားကြသည်။ တည်ငြိမ်အေးချမ်းမှ တိုင်းပြည် သာယာဝပြောပြီး ပြည်သူများ စိတ်အေးချမ်းသာစွာ နေနိုင်ကြမည် ဖြစ်သည်။ တည်ငြိမ် အေးချမ်းမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြောင့်တန်းစွာပြု လုပ်နိုင်ပြီး ပြည်သူများ၏ လူမှုဘဝများလည်း မြင့်မား တိုးတက် လာမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 15, 2022

ကလေးအကျဉ်းထောင်၌ ယနေ့ညနေပိုင်းတွင် အကျဉ်းထောင်တာဝန်ခံအရာရှိနှင့် ဒုတိယ တာဝန်ခံအရာရှိတို့ ၂ ဦး ဦးဆောင်သည့် ဝန်ထမ်းများမှ စည်းကမ်းထိန်းသိမ်းရုံး၌ လုံခြုံရေး ကိစ္စရပ်များပြောဆိုနေစဉ် အမှတ်(၅)အိပ်ဆောင်မှ အချုပ်သား ဗန်ဒိန်း (ဘ)ဦးလျန်ပုန် ခေါင်းဆောင်သည့် အင်အား ၅၀ ဦးခန့်မှ အကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သူ၊ ဒုတိယတာဝန်ခံအရာရှိ ဦးစီးအရာရှိ ဦးချိုမင်းလတ်နှင့် ဒုကြီးကြပ်ရေးမှူး ဦးရန်ပိုင်မျိုး တို့ ၃ ဦးအား ဓားစာခံပြုလုပ်၍ အကျဉ်းထောင်အတွင်းမှ ထွက်ပြေး လွတ်မြောက်ရန် ကြံစည်ကြိုးစားမှု ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 15, 2022

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွား၍ အမျိုးသား ၂ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 15, 2022

အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြား ပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာ ရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက် ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခြင်းများ လုပ်ဆောင် လျက်ရှိသည်ကို တွေ့ရှိလာရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 15, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 15, 2022

(၁၇)ကြိမ်မြောက် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော် များထံမှ ဩဝါဒခံ ယူပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော် မြတ်ကြီး ရင်ပြင်တော်ဓမ္မာရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 15, 2022

ငါးလုပ်ငန်းဦးစီးဌာန၏ နှစ်(၅၀)ပြည့် ရွှေရတုနေ့ ဂုဏ်ပြုအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 15, 2022

မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံဘက်သို့၂၀၂၂ခုနှစ်အတွင်းယူနန်-ချင်းရွှေဟော်နယ်စပ် အဝင်အထွက် စစ်ဆေးရေးဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံ ဘက်သို့ ကြံသယ်ယူ ပို့ဆောင်ရေးယာဉ် ၃၈၃၁ စီး ဝင်ရောက်ခဲ့ပြီး ကြံတန်ချိန် ၃၇၄၀၀ ကို တင်သွင်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 15, 2022

ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၅၂ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 15, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 15, 2022

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် သမဝါယမအသင်းစုလီမိတက်က မက်မန်းဝိုင်နှင့် စတော်ဘယ်ရီဝိုင်များကို ထုတ်လုပ်လျက်ရှိရာ နောင်ပိန်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းနှင့် အလင်းရောင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းများမှ

ဆက်လက်ဖတ်ရှုရန်

Mar 15, 2022

တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိ သည်။

ဆက်လက်ဖတ်ရှုရန်

Mar 15, 2022

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 15, 2022

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ (၁၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အကြို (၁၃၃) ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါ စေတီတော်မြတ်ကြီး၏ လိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်