Mar 16, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာစည်းကမ်းများကို စနစ် တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Mar 16, 2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၊ မြို့မတောင်ရပ်ကွက်ကားလမ်းနှင့် ရထားလမ်းဆုံအနီးရှိ ရွှေညီကို မော်တော်ယာဉ်ဂိတ်ရှေ့တွင် ယနေ့ နံနက် ၉ နာရီခွဲခန့်က မော်တော်ယာဉ်စီးနင်းလာသည့် အမည်မသိအမျိုးသား(၂)ဦးမှ သေနတ်ဖြင့်လာရောက်ပစ်ခတ်ခဲ့သဖြင့် တစ်ဦးသေပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့သည်။
Mar 16, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ (၁၁) ပေါက်ကျေးရွာအနီး မန္တလေး-မြစ်ကြီးနား ကားလမ်းမကြီးပေါ်၌ သွားလာနေသည့် မော်တော်ယာဉ်များအား မတ်လ ၁၅ ရက် ညပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ကာ တူမီးသေနတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ခရီးသည်တင်မော်တော်ယာဉ်ပေါ်မှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ အပါအဝင် အမျိုးသား ၂ ဦး သေဆုံးပြီး အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Mar 16, 2022
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံအကြမ်းဖက်သမားများက ခင်ဦးမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့ရှိ ကျေးရွာအချို့တွင် နေထိုင်ကြသည့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 16, 2022
(၁၉)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး (19th ASEAN Military Intelligence Meeting-AMIM19)တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့တပ်မတော်မှ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် မတ်လ၁၄ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံမှ Lieutenant General Hun Manith ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အားလည်းကောင်း၊ မတ်လ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံမှ Lieutenant General Natee Wongissares ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဗီယက်နမ်နိုင်ငံမှ Lieutenant General Le Hona Son ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မလေးရှားနိုင်ငံမှ Lieutenant General Datuk Ahmad Norihan Bin Jalal ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ လာအိုနိုင်ငံမှ Colonel Phimmachanh VONGPANNA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်တို့နှင့် သီးခြားစီတွေ့ဆုံသည်။
Mar 16, 2022
(၇၃)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ပြုလုပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်ဝင်းကို၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)အတွင်းရေးမှူး ဦးခွန်သိန်းဖေ နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသူများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။
Mar 16, 2022
ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၁၂)ကြိမ်မြောက် အာဆီယံ တပ်မတော်စစ်ဆင်ရေး မှူးချုပ်များ အစည်းအဝေး 12th ASEAN Military Operation Meeting (12th AMOM) သို့ တက်ရောက်ခဲ့သည့် မြန်မာ့တပ်မတော်မှ စစ်ဦးစီး အရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် မတ် ၁၄ ရက် နှင့် ၁၅ ရက်တို့တွင် အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံမှ (12th AMOM) ဥက္ကဋ္ဌဖြစ်သူ အာဆီယံ တပ်မတော်စစ်ဆင်ရေးမှူးချုပ် Major General Pen Sokrethvithyea၊ ထိုင်းနိုင်ငံမှ Lieutenant General Chitchanok Nujjaya၊ ဖိလစ်ပိုင်နိုင်ငံမှ Major General Alex S Rillera Pa၊ လာအိုနိုင်ငံမှ Brigadier General Sonethong Keolokham၊ ဘူရူးနိုင်းနိုင်ငံမှ Col. Saifulrizal bin Abdul Latif တို့နှင့် သီးခြားစီတွေ့ဆုံသည်။
Mar 16, 2022
(၁၉)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး 19 th ASEAN chiefs of Defence Forces Meeting (ACDFM-19) တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ယနေ့တွင် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၊ တာဝန်ရှိသူများနှင့် SOKHA Hotel ရှိ အစည်းအဝေးခန်းမ၌ သီးခြားစီတွေ့ဆုံသည်။
Mar 16, 2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တည်ဆောက်ပူဇော်မည့် ကျောက်စာရုံစေတီများနှင့် သာသနာ့ဗိမာန်တော် ရတနာပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။
Mar 16, 2022
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် (၂၈) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ တက်ရောက်သည်။
Mar 16, 2022
နေပြည်တော် မတ် ၁၆
Mar 16, 2022
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်အတွင်း တရားမဝင် ကျွန်းခွဲသား၊ ကျွန်းတံခါးချပ်နှင့် တံခါးအပိုင်းအစများ (၆ ဒသမ ၆၂၇၂) တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၉၈၈,၁၆၀) တို့ သယ်ဆောင်လာသော မော်တော်ယာဉ်(၂)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁,၉၈၈,၁၆၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
Mar 16, 2022
၂၀၂၁-၂၀၂၂ ခုနှစ် အာဆီယံပညာရေးဝန်ကြီးများ၏ ဥက္ကဋ္ဌတာဝန်ယူခဲ့သည့် ဖိလစ်ပိုင်နိုင်ငံ၊ ပညာရေးဝန်ကြီးထံမှ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် အာဆီယံပညာရေးဝန်ကြီးများ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် လက်ခံဆောင်ရွက်မည့် ဗီယက်နမ်နိုင်ငံ၊ ပညာရေးဝန်ကြီးထံသို့ တာဝန်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပရာ အာဆီယံ နိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြသည်။
Mar 16, 2022
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော် ၂၆၁၀ ပြည့်နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ ရေစက်ချ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင် ရာဟုထောင့်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။
Mar 16, 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အပ်နှင်းမဟာမင်္ဂလာအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါ သာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
Mar 16, 2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၆)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းသွယ်ရှိ “Hana Microfinance” အသေးစားချေးငွေရုံးခန်းသို့ မတ်လ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် အကြမ်းဖက် သမား ၂ ဦး ဝင်ရောက်လာပြီး ငွေကိုင်ဝန်ထမ်း မသီရိထွန်း (၂၉)နှစ်အား သေနတ်ဖြင့် ပစ်ခတ်သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
Mar 16, 2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဟူသော ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရပ်ကွက်၊ ကျေးရွာနှင့် ကျောင်းများသို့အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က မင်္ဂလာဒုံမြို့နယ်ရှိ အောင်ဆန်းသူရိယ လှသောင်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
Mar 16, 2022
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ် အထက် ပြည်သူများအား ပထမအကြိမ် နှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံခြင်းများကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Mar 16, 2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်လျက်ရှိရာ မတ် ၁၅ ရက်နံနက် ၁၁ နာရီခွဲက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးအောင်မိုးမြင့် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Mar 16, 2022
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြုစိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ
