နေပြည်တော် မတ် ၁၆
ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး 19 th ASEAN Chiefs of Defence Forces Meeting (ACDFM-19) သို့ တက်ရောက်မည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ယနေ့ညပိုင်းတွင် ဖနောင်ပင်မြို့ Sokha Hotel ၌ ကမ္ဘောဒီးယား ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် GeneralvONG PISEN က တည်ခင်းဧည့်ခံသည့် ကြိုဆို ညစာစားပွဲအခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ( ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်အတူ မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ညစာစားပွဲအခမ်းအနားတွင် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသူများသည် ညစာကို အတူတကွသုံးဆောင်ကြသည်။
ညစာ သုံးဆောင်နေစဉ်အတွင်း တေးဂီတအဖွဲ့က ရိုးရာအကအလှများ၊ အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်