Mar 18, 2022
တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကိုဗစ် - ၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Mar 18, 2022
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ယှဉ်ပြိုင်ရန်အတွက် တရုတ်နိုင်ငံ၌ (Joint Training) ပူးတွဲသွားရောက် လေ့ကျင့်ခဲ့သည့် (ဘော်လီဘော၊ လက်ဝှေ့၊ အလေးမနှင့် ဝူရှူး) အားကစားအဖွဲ့များနှင့် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် (ဂျူဒို၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ မြားပစ်၊ ဗိုဗီနမ်) အားကစားအဖွဲ့များ၏ သရုပ်ပြလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။
Mar 18, 2022
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီအစည်းအဝေး (၁/၂၀၂၂) ကို ယနေ့မွန်းလွဲ ၂ နာရီတွင် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 18, 2022
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနသည် တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းဖြစ်ပေါ်လာစေရေးတွင် ကွက်လပ် ဖြစ်နေသော လူမှုစီးပွားအခန်းကဏ္ဍအတွက် အထောက်အပံ့ရရှိစေရန် ရည်ရွယ်၍ “ကိုလိုနီခေတ် မြန်မာ့လူမှုစီးပွားဘဝ” သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် အမျိုးသား စာကြည့်တိုက်(နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။
Mar 18, 2022
၂၀၂၁-၂၀၂၂ Mini-Budget အတွင်း တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည် တည်ထောင်ခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပသည်။
Mar 18, 2022
စိုက်ပျိုးရေးဦးစီးဌာန၏ (၄) ကြိမ်မြောက် စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 18, 2022
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးပေါ်လွင်စိန်တို့ အဖွဲ့သည် ယမန်နေ့နှင့် ယနေ့တွင် လားရှိုးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ နယ်မြေရဲစခန်း၊ လူငယ်သင်တန်း ကျောင်းနှင့် ဆင်းရွှေလီဘိုးဘွားရိပ်သာတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 18, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
Mar 18, 2022
ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုဆောင်ရွက်ရာတွင် ဘတ်/ကျပ် တိုက်ရိုက် အသုံးပြု ပေးချေရေးဆိုင်ရာ ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီက Virtual Zoom Meeting ဖြင့် ကျင်းပသည်။
Mar 18, 2022
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နေပြည်တော်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပျဉ်းမနားမြို့နယ်ဘဏ်ခွဲမှ တောင်သူဦးကြီးများအား ၂၀၂၂ ခုနှစ် မိုးကြိုရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆက်လက် ထုတ်ချေးပေးလျက်ရှိသည်။
Mar 18, 2022
(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နတ်မောက်မြို့၌ တည်ဆောက်ပြီးစီးသည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ အဆောက်အအုံသစ်ရှေ့၌ ကျင်းပသည်။
Mar 18, 2022
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၈)နှင့် အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ် (၉) တို့၏ သင်တန်းဆင်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ယနေ့နံနက် နံနက် ၈ နာရီတွင် ကျင်းပသည်။
Mar 18, 2022
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေး (၂/၂၀၂၂) ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ Video Conferencing ဖြင့် ကျင်းပသည်။
Mar 18, 2022
မွန်ပြည်နယ် မော်လမြိုင်မြို့ ပန်းပဲတန်းရပ်ကွက်ရှိ မော်လမြိုင်မြို့ ကျက်သရေဆောင် ဆံတော်ရှင် ဦးဇိနစေတီတော်အား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော် ကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်မင်္ဂလာ အခမ်းအနားကို မတ် ၁၆ ရက်က စေတီတော်ရင်ပြင်ရှိ ဝေဿန္တရာ တန်ဆောင်းဓမ္မာရုံ၌ ပြုလုပ်သည်။
Mar 18, 2022
အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
Mar 18, 2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးကို ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထု အခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ
Mar 18, 2022
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာ မတ် ၁၃ ရက်တွင် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းရှိ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မိုင်တိုင် အမှတ် ၉၆ မိုင် ၅ ဖာလုံ ရှောင် ကွင်းလမ်းအတွင်းမှ ထွက်ခွာလာ သည့် Toyota Wish အမျိုး အစား လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ခန့်မှန်း တန်ဖိုးငွေကျပ် ၅၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
Mar 18, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန သထုံခရိုင် ဦးစီးမှူးရုံးနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း သထုံရှိ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများအား သတင်းအမှား၊ အမှန်ခွဲခြား သုံးသပ်နိုင်ရေးနှင့် Social Media အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန်အသိ ပညာပေးခြင်း၊ ဥပဒေရေးရာ အသိပညာ ပေးခြင်းနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
Mar 18, 2022
ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေး 19 th ASEAN Chiefs of Defence Forces Meeting (ACDFM-19) သို့ တက်ရောက်ခဲ့သည့် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် မတ် ၁၇ ရက် ညနေပိုင်းတွင် ဖနောင်းပင်မြို့၊ Sokha Hotel ၌ ကမ္ဘောဒီးယားဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General VONG PISEN က တည်ခင်းဧည်ခံသည့် ဂုဏ်ပြု ညစာ စားပွဲအခမ်းအနားသို့ တက်ရောက်သည်။
Mar 18, 2022
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (ACDFM-19) ကို ယနေ့နံနက်ပိုင်းတွင် ဖနောင်းပင်မြို့ရှိ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
