Skip to main content

Apr 23, 2022

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၉ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တောင်ကြီးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးက ဦးဆောင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ များသည် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (၄)မိုင်သစ်တော ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကျိုင်းတုံမြို့မှ မန္တ‌လေးမြို့သို့ ထွက်ခွာလာ သည့် ကုန်တင်ယာဉ်တစ်စီးပေါ်တွင် သွင်းကုန် ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိ သော ဆိုင်ကယ်အပိုပစ္စည်းများ၊ ကားကူရှင်အစွပ်များ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၁၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2022

အာဆီယံ ကိုယ်ကာယကြံ့ခိုင်မှုညွှန်းကိန်းများ ကောက်ယူခြင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2022

ထွန်ယက်စိုက်ပျိုးသည်မှ ရိတ်သိမ်းခြွေလှေ့ သိုလှောင်သည်အထိ စက်မှုလယ်ယာစနစ် အပြည့်အဝ အသုံးပြုဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး ရုံးအမှတ် (၁၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2022

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးအောင်နိုင်ဦးတို့သည် AP သတင်းဌာန၊ ရိုက်တာသတင်းဌာန၊ South China Morning Post သတင်းဌာနနှင့် Straits Times သတင်းဌာန၊ China Central Television(CCTV) သတင်းဌာန၊ People’s Daily သတင်းဌာနနှင့် ဆင်ဟွာသတင်းဌာနတို့မှ သတင်း ထောက်များကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမများ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံ ၍ မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2022

(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် တောင်ကိုရီးယား နိုင်ငံ၌ သွားရောက်လေ့ကျင့်ကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ လက်အိတ် ၁၃ တန်၊ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းများမှ နှာခေါင်းစည်း Mask ၅၄ တန်တို့ကို တင်သွင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2022

နေပြည်တော် ဧပြီ ၂၂

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်းအရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန် တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2022

မန္တလေးပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း (၁/၂၂) သင်တန်းသားသင်တန်းသူများ ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2022

လျှပ်စစ်ကားများ ထုတ်လုပ်ပြေးဆွဲနိုင်ရေးနှင့် စပ်လျဉ်းသည့်မူဝါဒဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2022

လူတိုင်းလူတိုင်းအနေဖြင့် ကျန်းမာခြင်းသည် အရေးအကြီးဆုံးလိုအပ်ချက်ဖြစ်သည်။ မည်သူမဆို မည်သည့်အခြေအနေတွင်ဖြစ်စေ ကျန်းမာစွာ နေထိုင်နိုင်ပါက ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အရာရာကို ဖြောင့်ဖြောင့်တန်းတန်း ဆောင်ရွက်နိုင်ပေသည်။ မကျန်းမာပါက ငွေကုန်ကြေးကျ များသည့်အပြင် မည်သည့်အရာကိုမျှ လုပ်ကိုင်နိုင်သည့်စွမ်းအား မရှိတော့ပေ။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2022

တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်ပြီဖြစ်ရာ ငြိမ်းချမ်းရေး ဆန္ဒအမှန်ဖြင့် ရိုးသားပွင့်လင်းစွာ ဆွေးနွေးမှုများမှသည် လက်နက်ကိုင်ပဋိပက္ခများ အပြီးတိုင်ချုပ်ငြိမ်းပြီး တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး အထိ မျှော်မှန်းနိုင်ကြပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဦးအောင်မျိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်၊ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့်အတူ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်နယ်သံဃာ့ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဂန္တဝါစကပဏ္ဏိတဘဒ္ဒန္တဓမ္မိကထံ သွားရောက်ဖူးမြှော်ခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဆရာတော်ကြီးအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှု မရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများက ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင် ဖောက်ခွဲခြင်း များ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်းများနှင့် လုပ်ကြံပစ်ခတ် သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်မှုအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ COVID-19 Command Center အစည်းအဝေးခန်းမ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်း၏ ဆောင်ရွက်ချက်များအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်